ဇာတ်ကားများ ရွေးရန်

Carrie

1976ဇာတ်ကားအမှတ် 7.3/1098 မိနစ်

ရုပ်ရှင်ဟာ ၁၉၇၆ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး၊ Stephen King ရေးသားသောဝတ္ထုကို အခြေခံကာ Brian De Palma က ရိုက်ကူးထားတဲ့ horror ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ နာမည်ကြီးသရုပ်ဆောင် Sissy Spacek က Carrie White အဖြစ် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းထဲမှာတော့ Carrie White ဟာအထက်တန်းကျောင်းတက်နေတဲဲ့မိန်းကလေးတစ်ဦးဖြစ်ပြီး၊ ဘာသာရေးယုံကြည်မှုပြင်းထန်တဲ့မိခင် နှင့်အတူ နေထိုင်ရသူပါ။ ကျောင်းမှာလည်း အခြားကျောင်းသားသူငယ်ချင်းတွေရဲ့အနိုင်ကျင့်နှောင့်ယှက်မှုတွေကို ခံနေရပြီး၊ အဆင်မပြေမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို ခံစားနေရတာပါ။ ထိုအခက်အခဲအခြေအနေများအတွင်းမှာပဲCarrie ဟာ Telekinesis (စိတ်အားဖြင့်အရာဝတ္ထုများကိုထိန်းချုပ်နိုင်ခြင်း) ဆိုသည့် ထူးခြားသောစွမ်းအားကို ရရှိထားပါတယ် ဒီလို စိတ်ဖိစီးမှုတွေများစွာခံစားနေရတဲ့ ထူးခြားတဲ့စွမ်းအားပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက် ဘယ်လိုပေါက်ကွဲပြသွားမလဲဆိုတာ သည်းထိတ်ရင်ဖိုစောင့်ကြည့်ရမယ့်ကားမျိုးဖြစ်ပါတယ် ဒီဇာတ်ကားရဲ့သရုပ်ဆောင်မှု၊ ရုပ်ပုံဖန်တီးမှု၊ တေးသံနှင့် ဇာတ်အိမ်ဖွဲ့စည်းမှုတွေဟာ ထူးခြားပြီး horror စာရေးဆရာ Stephen King ရဲ့ဝတ္ထုကို ပီပြင်အောင်ပြသထားနိုင်ပါတယ် သက်တမ်းကြာပြီဖြစ်သော်လည်း ဇာတ်လမ်းက ဒီခေတ်ထိ ကြည့်လို့ကောင်းနေတဲ့ horror ကားလေးပဲဖြစ်ပါတယ် File size… (1.9 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre... Horror, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lone Lone

ဇာတ်လမ်းအကြောင်း