Missing Home
သားသုံးယောက်နဲ့ သမီးတစ်ယောက်ရှိတဲ့ လင်မယားနှစ်ယောက်ဟာ သားတွေကို ပညာရေးကောင်းကောင်း ရစေချင်လို့ တခြားမြို့တွေမှာ ကျောင်းထားပေးခဲ့ကြပါတယ်။ အဲဒီကနေ သားတွေက လက်တွေ့ကျကျ စဉ်းစားတတ်လာပြီး ကိုယ်ဖြစ်ချင်တာကိုပဲ လုပ်ကြရင်း မိဘအိမ်ကို ပြန်မလာကြတာ ဆယ်နှစ်နီးပါး ရှိသွားတယ်။ အဘွားဖြစ်သူရဲ့ မင်္ဂလာအခမ်းအနားကို မိသားစုစုံစုံလင်လင် ကျင်းပချင်တဲ့အခါ မိဘနှစ်ပါးက သားတွေကို အိမ်ပြန်လာအောင် လှည့်ဖြားခေါ်ဖို့ ကြံကြပါတော့တယ်။ ပြန်ရောက်လာရင်လည်း ချက်ချင်း ထွက်မသွားကြအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ရှိနေသေးတယ်။ ဒီမိသားစုဟာသဒရာမာမှာ သားသမီးပျော်ရွှင်စေတဲ့ ရွေးချယ်မှုနဲ့ မိဘတွေရဲ့ ဆန္ဒဟာ အမြဲတမ်း ထပ်တူမကျနိုင်တဲ့အကြောင်းကို ပြောထားပါတယ်။ သဘောထားမတိုက်ဆိုင်ကြတဲ့အခါ အလျှော့ပေးဖို့ လိုအပ်ပုံ၊ မိဘတွေက လူကြီးဆိုပြီး အာဏာမပြသင့်သလို သားသမီးတွေကလည်း ကိုယ့်ဆန္ဒတစ်ခုတည်းကို ရှေ့တန်းတင်ပြီး မိဘတွေကို လျစ်လျူမရှုသင့်ပုံတို့ကို ထည့်သွင်းထားပါတယ်။
ဇာတ်လမ်းအကြောင်း