ဇာတ်ကားများ ရွေးရန်

Constantine: City of Demons - The Movie

2018ဇာတ်ကားအမှတ် 7.7/1090 မိနစ်

ကျနော်တို့ ရဲ့ အသဲကျော်ကြီး DC ရဲ့ အကျော်ကြားဆုံး မှော်ဆရာJohn Constantine ရဲ့ Solo Animation လေးပါ ...သူ့အရင်ကတော့ မိနစ်ပိုင်းစာ TV Series အဖြစ် ထွက်ခဲ့ပြီး Movie အဖြစ် ပြန်ပေါင်းထုတ်လိုက်တာပါ....အသံသရုပ်ဆောင်ပေးထားတာကလဲ မူလ TV Series မှာ Constantine အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Matt Ryan ကိုယ်တိုင်ပါပဲ ဒီရုပ်ရှင်မှာတော့ ဂျွန် ဟာ သူ့ထုံးစံအတိုင်းပဲပေမြဲ နေမြဲ ဆိုးဆဲ ဖြစ်ပါတယ် တစ်ရက်မှာတော့ သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်သူ ချက်စ် တစ်ယောက် ဗြုန်းစားကြီး ရောက်လာခဲ့ပြီး သူ့သမီးလေး ကိုမာ ဝင်နေရာက ပြန်မနိုးလာတဲ့အတွက် အားကိုးတကြီး လာအကူအညီတောင်းတာပါဂျွန် လိုက်သွားပြီး စစ်ကြည့်တဲ့ အခါမှာတော့ အဆိုးရွားဆုံးနတ်ဆိုး တစ်ကောင်က သူ့ ဝမ်းဗိုက်ထဲမှာ ချုပ်နှောင်ထားတာပါဂျွန် နတ်ဆိုးဆီ လိုက်သွားတဲ့ အခါမှာတော့ ချက်စ် ရဲ့ သမီးကငါးစာ သက်သက် ဖြစ်ပြီး ဂျွန် ရဲ့ မှော်အစွမ်းကို အသုံးချ သိမ်းသွင်းပြီး ခိုင်းချင်တဲ့ ကိစ္စ တစ်ခုအတွက် ဂွင်ဆင်ခဲ့ကြောင်း သိခဲ့ရတယ်...ကျန်တာတွေကတော့ ဇတ်ရှိန်မပျက်အောင် ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါ ဂျွန် ကို လွမ်းနေတဲ့ Fan တွေ အတွက် အလွမ်းပြေ Animation Movie လေးကနည်းနည်းတော့ အလွမ်းပြေစေမှာပါ... ဒီ Animated Movie ကို ဘာသာပြန်ပေးထားတာကတော့Hein Thet Naing ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်

ဇာတ်လမ်းအကြောင်း