36 China Town
ဆိုနီယားဟာ အလွန်ချမ်းသာတဲ့ ကာစီနိုပိုင်ရှင်တစ်ယောက်ဖြစ်ပြီး တစ်နှစ်ခွဲအရွယ် သားလေးနဲ့ နှစ်ယောက်တည်း နေထိုင်သူပါ။ အသက်နဲ့အမျှ ချစ်ရတဲ့ သားလေး ပျောက်သွားတာ ရက်အတော်ကြာနေပြီဖြစ်လို့ ပြန်ရှာတွေ့သူကို ဆုငွေ ၂၅ သိန်း ပေးမယ်ဆိုပြီး သတင်းစာထဲမှာ ကြေညာထားပါတယ်။ တစ်ရက်မှာတော့ ကလေးကို တွေ့ထားတဲ့ အတွဲတစ်တွဲက အဲဒီကြေညာချက်ကို သိပြီး ဆိုနီယားဆီ သားလေးကို ပြန်ပို့ပေးဖို့ လာကြတယ်။ ဒါပေမယ့် အဲဒီညမှာပဲ ဆိုနီယား အသတ်ခံလိုက်ရပါတယ်။ သူအသတ်ခံရတဲ့ညအတွင်း အိမ်ထဲကို ကိုယ့်အကြံအစည်နဲ့ကိုယ် ဝင်ထွက်သွားလာခဲ့သူတွေကလည်း အများကြီးရှိနေတော့ အဲဒီလူတွေထဲက ဘယ်သူဟာ လူသတ်တရားခံလဲဆိုတာ ရှာဖွေရတော့မှာပါ။ ရှာဟစ်ကပူး၊ အရှေးခန်နားနဲ့ ကရီနားကပူးတို့ အဓိက ပါဝင်ထားပြီး ဂျွန်နီလီဗာနဲ့ ပရေရှ်ရာဝလ်တို့လည်း သရုပ်ဆောင်ထားပါတယ်။ လူသတ်မှု ပဟေဠိကို ဖော်ထုတ်ရတဲ့ ဇာတ်လမ်းကြားမှာ ဟာသခန်းတွေလည်း ရောနှောပါဝင်တယ်။
ဇာတ်လမ်းအကြောင်း