Lethal Weapon 3
ရစ်ဂ်စ်က အမြင်မတော်တာတွေ့ရင် ကိုယ့်ကိစ္စဟုတ်ဟုတ် မဟုတ်ဟုတ် ဝင်ပါတတ်သူပါ။ တတိယပိုင်းမှာလည်း ဘယ်သူ့စကားကိုမှ နားမထောင်ဘဲ စွန့်စားရင်း ပြဿနာတွေထဲ ဝင်မိနေတုန်းပဲ။ သူ့တွဲဖက် ဆာဂျင်မာတော့ဖ်ကတော့ ပင်စင်ယူဖို့ ရှစ်ရက်ပဲ ကျန်တော့ပေမယ့် ရစ်ဂ်စ်ကြောင့် အေးအေးဆေးဆေး မနေရဘဲ ပြေးလွှားပစ်ခတ်နေရဆဲ ဖြစ်ပါတယ်။ ရဲဘက်သုံး အမာခံသံချပ်ကာကားတစ်စီး အခိုးခံရတာကို သူတို့နှစ်ယောက် ဝင်တားကြရာက လက်နက်မှောင်ခိုလုပ်နေတဲ့ ဂိုဏ်းတစ်ခုနဲ့ ထိပ်တိုက်တွေ့သွားတယ်။ ပင်စင်ယူရက် နီးလာတဲ့ မာတော့ဖ်လည်း တွဲဖက်ဖြစ်သူနဲ့အတူ နောက်ထပ်အရှုပ်အရှင်းတွေထဲ ပါသွားတော့တာပါ။
ဇာတ်လမ်းအကြောင်း