ဇာတ်ကားများ ရွေးရန်

Disenchanted

2022ဇာတ်ကားအမှတ် 6.9/10120 မိနစ်

Disenchanted က ၂၀၀၇ ခုနှစ် Enchanted ရဲ့အဆက်ဖြစ်ပြီး သီချင်းတွေပါဝင်တဲ့ ဒစ္စနေးရဲ့ မှော်စိတ်ကူးယဉ်ဇာတ်ကားပါ။ အန်ဒလေးရှားတိုင်းပြည်ကနေ နယူးယောက်ကို ရောက်လာခဲ့တဲ့ ဂျစ်ဆဲလ်ဟာ ရောဘတ်နဲ့ မော်ဂန်တို့သားအဖနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ရောဘတ်နဲ့ ဂျစ်ဆဲလ်တို့မှာ ဆိုဖီယာဆိုတဲ့ သမီးလေးတစ်ယောက် ရလာပြီး မိသားစုလိုက် နယူးယောက်ကနေ မွန်ရိုဗီးဆိုတဲ့ ကျေးလက်မြို့လေးကို ပြောင်းလာကြတယ်။ နေရာသစ်မှာ အခက်အခဲတွေ ကြုံရသလို မော်ဂန်နဲ့လည်း အဆင်မပြေဖြစ်လာတော့ ဂျစ်ဆဲလ်က ပုံပြင်ထဲကလို ဘဝမျိုးကို လိုချင်လာပါတယ်။ ပုံပြင်ကမ္ဘာမှာ ကြီးပြင်းခဲ့ပြီး အမြဲပျော်ပျော်ရွှင်ရွှင် နေချင်တဲ့သူမဟာ လက်ဆောင်ရထားတဲ့ ဆုတောင်းနှင်တံကို သုံးပြီး ဆုတောင်းလိုက်မိတယ်။ ဒါပေမယ့် ပုံပြင်ကမ္ဘာမှာ ပျော်စရာတွေအပြင် ဗီလိန်တွေလည်း ရှိတာကြောင့် သူမရဲ့ဆုတောင်းနဲ့အတူ အန္တရာယ်ကြီးတွေပါ ရင်ဆိုင်လာရပါတယ်။

ဇာတ်လမ်းအကြောင်း