ဇာတ်ကားများ ရွေးရန်

Triangle of Sadness

2022ဇာတ်ကားအမှတ် 7.2/10147 မိနစ်

နာမည်ကြီး ဖက်ရှင်မော်ဒယ်စုံတွဲတစ်တွဲနဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးတွေဟာ ဒေါ်လာသန်း ၂၅၀ တန် ဇိမ်ခံသင်္ဘောကြီးပေါ်မှာ အပျော်ခရီး ထွက်လာကြပါတယ်။ သင်္ဘောကပ္ပတိန် သောမတ်စ်ကတော့ အရက်အလွန်အကျွံသောက်တတ်သူပါ။ တစ်နေ့မှာ အကြောင်းတစ်ခုကြောင့် သင်္ဘောကြီး ပင်လယ်ထဲနစ်မြုပ်သွားပြီး မော်ဒယ်စုံတွဲအပါအဝင် အသက်ရှင်ကျန်သူတွေ ကျွန်းတစ်ကျွန်းပေါ် သောင်တင်သွားကြတယ်။ ဇိမ်ခံခရီးထွက်လာရာကနေ အသက်ရှင်ဖို့ ရုန်းကန်ရတဲ့အခြေအနေ ရောက်သွားတဲ့ ဒီလူချမ်းသာတွေ ဘယ်လိုရှင်သန်ကြမလဲ။ သင်္ဘောက ဘာကြောင့်မြုပ်ခဲ့တာလဲ၊ ကျွန်းပေါ်ကနေ ပြန်ထွက်နိုင်မယ့် လမ်းရော ရှိပါ့မလား။ Woody Harrelson နဲ့ Harris Dickinson တို့ ပါဝင်ထားတဲ့ ဒီဇာတ်ကားက ဇာတ်ကောင်တစ်ယောက်ချင်းရဲ့ စရိုက်တွေကို ဟာသနှောပြီး ဖော်ပြထားသလို မထင်မှတ်တဲ့ အလှည့်အပြောင်းတွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း