The OctoGames
ကယ်ရီ၊ မက်ဆင်း၊ အေဂျေ၊ စကွစ်ရှ်၊ ရုသ်၊ ဝေါလ်တာတို့အပါအဝင် လူရှစ်ယောက်ဟာ ဘာတွေကြုံရမယ်မှန်း မသိဘဲ OctoGames ဆိုတဲ့ ကစားပွဲထဲ ဝင်ပါမိကြပါတယ်။ ရေဘဝဲရဲ့ လက်တံရှစ်ခုကို ကိုယ်စားပြုထားတဲ့ ဒီပွဲမှာ လူရှစ်ယောက်က ဂိမ်းရှစ်မျိုး ကစားကြရမှာပါ။ ကစားနည်းတွေက ကလေးကစားနည်းတွေဖြစ်ပေမဲ့ ရှုံးသွားသူတွေ ပေးဆပ်ရမှာက ကိုယ့်အသက်နဲ့ ဘဝဖြစ်နေတယ်။ ဒီလူသတ်ကစားပွဲကို ဖန်တီးထားသူက follower သန်းရာချီရှိတဲ့ နာမည်ကျော် YouTuber ဂျက်စ်ပရိုပါ။ ပါဝင်သူတွေက ဂိမ်းရဲ့သရုပ်မှန်ကို သိသွားချိန်မှာ နောက်ပြန်ဆုတ်လို့ မရတော့ဘဲ အသက်ရှင်ကျန်ဖို့ ရုန်းကန်ကြရပါတော့တယ်။ ဘယ်သူတွေ ဆက်ရှင်သန်ပြီး ဘယ်သူတွေ ရှုံးနိမ့်သွားမလဲဆိုတဲ့ ပဟေဠိနဲ့အတူ အခက်အခဲကြားမှာ ပေါ်လာတဲ့ သံယောဇဉ်နဲ့ ကိုယ်ချင်းစာတရား၊ ကောက်ကျစ်မှုနဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ လူတွေရဲ့ ရူးသွပ်မိုက်မဲမှုတွေကို ထိတ်လန့်စရာ ကစားပွဲတွေကြားမှာ တွေ့ရပါတယ်။
ဇာတ်လမ်းအကြောင်း