ဇာတ်ကားများ ရွေးရန်

Last Cannibal World

1977ဇာတ်ကားအမှတ် 5.6/1092 မိနစ်

ရေနံရှာဖွေသူ ရာ့ဖ်နဲ့ ရောဘတ်တို့ဟာ မင်ဒါနာအိုကျွန်းပေါ်က ကင်းစခန်းတစ်ခုဆီ လေယာဉ်နဲ့ ရောက်လာကြပါတယ်။ လေယာဉ်က အဆင်းကြမ်းလို့ အနည်းငယ်ပျက်စီးသွားတယ်။ သူတို့နှစ်ယောက် ကင်းစခန်းကို သွားကြည့်တော့ လူတွေရော ပစ္စည်းတွေပါ ပျောက်နေကြတာကို တွေ့လိုက်ရပါတယ်။ တောထဲမှာ လိုက်ရှာရင်း အလောင်းတစ်လောင်း တွေ့သွားတဲ့အခါ သူတို့လူတွေကို တောတွင်းမျိုးနွယ်စုတစ်စုက သတ်သွားတာဖြစ်မယ်လို့ ယူဆကြတယ်။ လေယာဉ်မှူး ချာလီက လေယာဉ်ကို ပြင်ပြီးသွားပေမဲ့ မှောင်တော့မှာမို့ မိုးလင်းမှ ထွက်ဖို့ ပြောပါတယ်။ အဲဒီညမှာပဲ အတူပါလာတဲ့ မိန်းကလေး စွမ်းက အပေါ့သွားရင်း ပျောက်သွားပြန်တယ်။ မြန်မာ-အင်္ဂလိပ်ကပြား မင်းသမီး Me Me Lai ပါဝင်ထားတဲ့ လူသားစားဇာတ်ကားဖြစ်ပြီး ကြမ်းတမ်းတဲ့ပြကွက်တွေနဲ့ ကိုယ်လုံးတီးအခန်းတွေ ပါတာကြောင့် ကလေးငယ်တွေနဲ့ ရွံတတ်သူတွေအတွက် မသင့်တော်ပါဘူး။

ဇာတ်လမ်းအကြောင်း