ဇာတ်ကားများ ရွေးရန်

Alone

2007ဇာတ်ကား

ဒီဇာတ်ကားလေးထဲမှာ "ဖင်မ်" ဆိုတဲ့မိန်းကလေးဟာ ကိုရီးယားနိုင်ငံကနေ ထိုင်းနိုင်ငံကိုပြန်လာခဲ့ရပါတယ်။ သူ့အမေကျန်းမာရေးမကောင်းတာကြောင့် ပြန်လာခဲ့ရတာဖြစ်ပြီး သူနေရခဲ့တဲ့အရင်အိမ်မှာပြန်နေရတော့ အတိတ်အကြောင်းတွေ၊ အထူးသဖြင့် သူ့ညီမ "ဖလွိင်" နဲ့ပတ်သက်တဲ့အမှတ်ရစရာတွေ ပြန်လည်သတိရလာပါတယ်။ ဖင်မ်နဲ့ဖလွိင်ဟာ ကိုယ်ချင်းဆက် အမွှာညီအစ်မဖြစ်ပြီး သူတို့နှစ်ယောက်စလုံးဟာ "ဝီ"ဆိုတဲ့အမျိုးသားတစ်ဦးကိုချစ်မိခဲ့ကြပါတယ်။ အဲဒီ၃ပွင့်ဆိုင်အချစ်ရေးကနေ သူတို့ကြားမှာ မနာလိုမှုနဲ့ အငြင်းပွားမှုတွေအဖြစ် ပြောင်းလဲသွားပြီးနောက် ခန္ဓာကိုယ်ခွဲဖို့ ဆုံးဖြတ်ကြခဲ့တယ်။ ခန္ဓာကိုယ်ခွဲပြီးတဲ့နောက်မှာတော့ "ဖလွိင်"ဟာသေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက် "ဖင်မ်" အိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာ စွန့်စားစရာကောင်းတဲ့အရာတွေ၊ သည်းထိတ်ရင်ဖို ဖြစ်စရာအရာတွေ မြင်တွေ့ရပါတယ်။ အဲဒါအပြင် အိမ်ဝန်းကျင် အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်ကို ရိပ်ခနဲ ရိပ်ခနဲမြင်နေရတာကြောင့် "ဖင်မ်"က စိုးရိမ်လာပြီး ဖလွိင်က သူ့ကိုလက်စားပြန်လာချေတယ်လို့သူကထင်‌‌ နေမိပါတယ်။ အဲဒီနောက်မှာတော့ ဘယ်လိုစိတ်ဝင်စားစရာတွေ ကြုံလာရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးလို့....... File size…(1.4 GB)/(850 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre... Drama, Horror, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sheng Hom, Khaing Thazin & Alyn

ဇာတ်လမ်းအကြောင်း