Eaten Alive
ရှီလာဟာ ပျောက်ဆုံးနေတဲ့ အစ်မကို လိုက်စုံစမ်းရင်း အစ်မဖြစ်သူက ဘာသာရေးအစွန်းရောက်အဖွဲ့နဲ့ ပတ်သက်မိပြီး သူတို့နောက် လိုက်သွားတာကို သိလာပါတယ်။ ဒါနဲ့ မာ့ခ်ဆိုသူကို အဖော်ခေါ်ပြီး New Guinea က ရွာတစ်ရွာဆီ ရောက်လာတယ်။ ဘာသာရေးအစွန်းရောက်ခေါင်းဆောင်က အဲဒီရွာက ယုံကြည်သူတွေကို ခေါ်ထုတ်ပြီး တောအလယ်မှာ ရွာသစ်တည်ကာ သီးသန့်နေထိုင်ရင်း နောက်လိုက်တွေကို ခြယ်လှယ်နေပါတယ်။ အဲဒီနေရာမှာ နောက်ထပ်ကြုံရတာက လူသားစားမျိုးနွယ်စုရဲ့ အန္တရာယ်ပါ။ သူတို့က လူသားအပါအဝင် မြွေ၊ ဖွတ်၊ ဖား စသဖြင့် ရသမျှအသားကို အစိမ်းစားကြသူတွေဖြစ်တယ်။ ရှီလာက အစ်မကို ရှာတွေ့ပြီး အိမ်အရောက် ပြန်ခေါ်နိုင်ပါ့မလား၊ သူကိုယ်တိုင်ရော ဒီနေရာက လွတ်မြောက်နိုင်ပါ့မလားဆိုတာ ဆက်တွေ့ရမှာပါ။ မြန်မာ-အင်္ဂလိပ်ကပြား မင်းသမီး Me Me Lai က မုဆိုးမတစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ရွံရှာစရာမြင်ကွင်းတွေကို ထင်ထင်ရှားရှား ပြထားသလို ဝတ်လစ်စလစ်အခန်းတွေနဲ့ ဘာသာရေးအယူသည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လိင်ခန်းတွေလည်း ပါတာကြောင့် အသည်းငယ်သူတွေနဲ့ အသက်မပြည့်သူတွေအတွက် မသင့်တော်ပါဘူး။
ဇာတ်လမ်းအကြောင်း