777 Charlie
ဒါမာဟာ ငယ်ငယ်ကတည်းက မိသားစုဝင်တွေ ဆုံးပါးသွားလို့ တစ်ယောက်တည်း ကျန်ခဲ့ရသူပါ။ ကြီးပြင်းလာတဲ့အထိ တစ်ယောက်တည်းနေဖို့ပဲ ရွေးချယ်ခဲ့ပြီး ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ပေါင်းသင်းဖို့လည်း မကြိုးစားခဲ့ဘူး။ ဂျစ်ကန်ကန်နဲ့ နေတတ်တဲ့ သူ့ဘဝထဲကို တစ်နေ့မှာတော့ ခွေးလေးတစ်ကောင် မမျှော်လင့်ဘဲ ရောက်လာပါတယ်။ အစကတော့ ဒါမာက ခွေးလေးကို မမွေးချင်တာကြောင့် မွေးစားမယ့်သူကို ရှာနေခဲ့တယ်။ ဒါပေမယ့် အဲဒီလိုရှာနေတုန်းမှာပဲ သံယောဇဉ်တွယ်သွားပြီး ခွေးလေးဟာ သူ့ဘဝရဲ့ အရေးပါတဲ့အစိတ်အပိုင်း ဖြစ်လာပါတော့တယ်။ အရင်က လောကကြီးကို အရွဲ့တိုက်ပြီး နေခဲ့တဲ့ဒါမာဟာ ခွေးလေးနဲ့ နီးစပ်လာရင်း စိတ်ထားနူးညံ့လာသလို ပတ်ဝန်းကျင်ကို မြင်ပုံလည်း ပြောင်းလာတယ်။ လူတစ်ယောက်နဲ့ ခွေးလေးတစ်ကောင်ကြားက သံယောဇဉ်၊ အဲဒီမေတ္တာကြောင့် လူတစ်ယောက်ရဲ့ဘဝ ပြောင်းလဲလာပုံကို ရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း