ဇာတ်ကားများ ရွေးရန်

A Deadly American Marriage

2025ဇာတ်ကားအမှတ် 6.7/10103 မိနစ်

A Deadly American Marriage (2025) ဒီဇာတ်လမ်းလေးဟာ Netflix ရဲ့ တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ documentary ပဲဖြစ်ပါတယ်။ ဒါရိုက်တာ Jenny Popplewell ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးတော့ Jason Corbett ကို သူ့ရဲ့နောက်မိန်းမ Molly နဲ့ ယောက္ခထီးဖြစ်သူ Tom Martens တို့ကလုပ်ကြံပြီးသတ်ခဲ့တာကို အချက်ကျကျပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး တကယ့်တရားခွင် အတွင်းက အဖြစ်အပျက်အခြေနေတွေကိုလည်း ရှင်းလင်းစွာရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Jason Corbett ဟာ သူ့နောက်မိန်းမ Molly Martens နဲ့အတူ အမေရိကန်မှာသားသမီးတွေနဲ့ အတူနေပြီးနောက် ၂၀၁၅ ခုနှစ်မှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ သူ့မိန်းမ နဲ့သူ့ယောက္ခထီးက ကိုယ့်ကိုယ်ကို့ကာကွယ်တာလို့ဆိုပေမဲ့ Jason ရဲ့ကလေးတွေကတော့ ကြိုတင်စီစဉ်ထားလို့ပြောပါတယ်။ တရားရုံးက အမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေပြောင်းလဲခဲ့ပြီး သူတို့နှစ်ဦးက ၂၀၂၄ မှာ ပြန်လွတ်လာကြပါတယ်။ ဇာတ်လမ်းတလျှောက်လုံးမှာ မိသာစုတွေရဲ့ နွေးထွေးမှုတွေ၊ အိမ်ထောင်ရေးပြဿနာတွေ၊ တရားခွင်အတွင်းက ကြုံခဲ့ရတဲ့အခက်ခဲတွေနဲ့၊ နှစ်ဖက်စလုံးရဲ့ မိဘဆွေမျိုးတွေက သူတို့ဘက်ကလူကောင်းစားဖို့အတွက် အသားကုန်ကြိုးစားကြတာတွေ့ရမှာပါ။ အဆုံးသတ်အနေနဲ့ကတော့ ဇာတ်ကားတစ်ခုလုံးမှာ ဘယ်သူမှန်တယ် ဘယ်သူမှားလဲဆိုတာကို တွေးစရာတွေအများကြီးနဲ့ တစ်ခန်းပြီး တစ်ခန်း အပြီးသတ်အထိ ဆွဲ‌‌ေဆာင်သွားနိုင်မယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကိုတော့ Brian မှတင်ဆက်ထားပါတယ်ဗျ။ File size… 1.5 GB / 700 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 42min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Brian

ဇာတ်လမ်းအကြောင်း