Gargi
စိုင်းပလာဗီ သရုပ်ဆောင်ထားတဲ့ အဓိကဇာတ်ကောင်ဟာ သာမန်မိသားစုတစ်စုရဲ့ သမီးကြီးဖြစ်ပြီး ကျောင်းဆရာမတစ်ယောက်ပါ။ သူတို့နေထိုင်ရာမြို့မှာ ကလေးငယ်တစ်ဦးကို အုပ်စုဖွဲ့ လိင်အကြမ်းဖက်တဲ့အမှု ပေါ်ပေါက်လာရာက သူတို့မိသားစုရဲ့ဘဝ ပြောင်းလဲသွားပါတယ်။ အဲဒီအမှုမှာ သူ့အဖေက ငါးယောက်မြောက် တရားခံအဖြစ် စွပ်စွဲခံထားရတာပါ။ မိသားစုလိုက် အမှုရင်ဆိုင်ရတော့မယ့်အချိန်မှာ အဖေဟာ အပြစ်မရှိဘဲ စွပ်စွဲခံရသူလား၊ တကယ်ကျူးလွန်ခဲ့သူလားဆိုတဲ့ မေးခွန်းက ပေါ်လာပါတယ်။ အမှုကို ဖော်ထုတ်သွားပုံနဲ့အတူ အဲဒီမေးခွန်းတွေနောက် လိုက်သွားရတဲ့ ဒရာမာနဲ့ လျှို့ဝှက်သည်းထိတ်ရင်ဖိုဇာတ်ကားပါ။ လိင်အကြမ်းဖက်မှုအတွက် ခံရသူရဲ့ ဖြစ်တည်မှုနဲ့ ဝတ်စားဆင်ယင်မှုကို အပြစ်တင်လို့မရတဲ့အကြောင်းကိုလည်း မူရင်းမိတ်ဆက်စာက မေးခွန်းထုတ်ထားပါတယ်။
ဇာတ်လမ်းအကြောင်း