ဇာတ်ကားများ ရွေးရန်

Spirited

2022ဇာတ်ကားအမှတ် 7.1/10127 မိနစ်

Dickens ရဲ့ Christmas Carol ကို Ryan Reynolds နဲ့ Will Ferrell တို့ ပါဝင်ပြီး ပြန်လည်ပုံဖော်ထားတဲ့ ဟာသဂီတဇာတ်ကားပါ။ မူရင်းဇာတ်လမ်းမှာ ခရစ္စမတ်ညတစ်ညအတွင်း လူတစ်ယောက်ကို ပြောင်းလဲပေးဖို့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ကိုယ်စားပြုတဲ့ ခရစ္စမတ်တစ္ဆေသုံးကောင် ရောက်လာကြတယ်။ သူ့ရဲ့အတိတ်၊ လက်ရှိဘဝနဲ့ အနာဂတ်တစ်လျှောက် ခေါ်သွားပြီး သူ့ကိုယ်သူ ပြောင်းလဲလာအောင် ကြိုးစားကြတာပါ။ ဒီတစ်ခါ တစ္ဆေတွေ ရွေးချယ်လိုက်သူကတော့ Ryan Reynolds သရုပ်ဆောင်ထားတဲ့ ကလင့်ဆိုတဲ့ မီဒီယာအကြံပေးတစ်ယောက်ပါ။ သူဟာ အလုပ်အပ်သူတွေ မီဒီယာမှာ ပြိုင်ဘက်ကို အသာရဖို့ ကူညီပေးသူဖြစ်ပြီး ပြိုင်ဘက်ရဲ့ အပုပ်အစပ်တွေကို ရှာဖွေပေးတာ၊ အငြင်းပွားစရာတွေ ဖန်တီးပေးတာမျိုး လုပ်တတ်ပါတယ်။ လူတွေအပေါ် လွှမ်းမိုးနိုင်စွမ်းလည်း ရှိနေတယ်။ ဒါကြောင့် ကလင့်သာ ပြောင်းလဲသွားရင် သူ့နောက်က လူအများအပြားလည်း လိုက်ပြောင်းလဲနိုင်မယ်လို့ တစ္ဆေတွေက ယူဆကြပါတယ်။ လာမယ့်နှစ် ခရစ္စမတ်မှာ သူ့ကို ခြောက်လှန့်ပြီး ပြောင်းလဲပေးဖို့ စီစဉ်လိုက်ကြပေမယ့် သူတို့ရဲ့အစီအစဉ် အောင်မြင်ပါ့မလား။

ဇာတ်လမ်းအကြောင်း