ဇာတ်ကားများ ရွေးရန်

Yakuza Apocalypse

2015ဇာတ်ကားအမှတ် 5.9/10115 မိနစ်

စီးပွားပျက်ကပ်ကာလမှာ အလုပ်အကိုင်မရှိဘဲ နေနေတဲ့ ကာဂဲယာမာဟာ သူတို့ရပ်ကွက်ကို စောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျနေပါတယ်။ ဆရာကြီးက လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်ပေမယ့် မြို့သားတွေကို ကာကွယ်ပေးလို့ လူတွေက သူရဲကောင်းတစ်ယောက်လို ချစ်ခင်ကြတယ်။ ကာဂဲယာမာလည်း သူ့နောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက် ဖြစ်လာပါတယ်။ တစ်နေ့မှာ ဆရာကြီးရဲ့ အရင်အဖွဲ့ကလူတွေ ရောက်လာပြီး သူ့ကို ပြန်လိုက်ခဲ့ဖို့ ခေါ်ကြတယ်။ မလိုက်ဘူးလို့ ငြင်းလိုက်ရာက အသတ်ခံရတဲ့အထိ ဖြစ်သွားပါတယ်။ ကာဂဲယာမာက အစွမ်းကုန်ကယ်ဖို့ ကြိုးစားပေမယ့် သူ့ခွန်အားနဲ့ မတတ်နိုင်ခဲ့ဘူး။ သေခါနီးမှာ ဆရာကြီးက သူ့ရဲ့သွေးစုပ်ဖုတ်ကောင်သွေးကို ကာဂဲယာမာဆီ လက်ဆင့်ကမ်းပေးခဲ့တယ်။ ဒီဇာတ်လမ်းထဲက သွေးစုပ်ဖုတ်ကောင်တွေကတော့ သာမန်နဲ့ မတူပါဘူး။ သွေးစုပ်ခံလိုက်ရတဲ့ မြို့သားတွေဟာ သွေးစုပ်ဖုတ်ကောင်ဖြစ်သွားရုံမက ယာကူဇာတွေပါ ဖြစ်လာကြတယ်။ ကာဂဲယာမာကလည်း အသစ်ရလာတဲ့စွမ်းအားတွေကို အသားကျအောင်၊ ထိန်းချုပ်နိုင်အောင် ကြိုးစားရင်း ဘယ်လိုလက်တုံ့ပြန်မလဲဆိုတာ ဆက်တွေ့ရမှာပါ။ Audition၊ Ichi the Killer နဲ့ Visitor Q တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miike ရဲ့ ၂၀၁၅ ခုနှစ်ထွက် အက်ရှင်၊ ဟာသ၊ ထိတ်လန့်ဇာတ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း