ဇာတ်ကားများ ရွေးရန်

The Tenant

2024ဇာတ်ကား

Dava ဆိုတဲ့ Apartment ​လေးတစ်ခုဟာထူးဆန်းတဲ့အ​ကြောင်းအရာ​​တွေ သရဲ​တ​စ္ဆေ​တွေနဲ့ငှားသူမရှိဘဲ​ခြောက်ကပ်ပြီးတိုက်ပျက်ကြီးတစ်ခုလိုလိုင်း​ပေါ်မှာ​တော်​တော်​လေးနာမည်ကြီး​နေပါတယ်။ ဒီအ​ကြောင်းအရာ​တွေကအမှန်တကယ် ဟုတ်မဟုတ် စုံစမ်းဖို့အတွက် "မာ့ခ်" ဆိုတဲ့​ကောင်​လေးဟာ အခန်းငှားဖိုအတွက်​ရောက်ရှိလာပါတယ်။ ဒါ​ပေမဲ့ ဒီတိုက်ခန်းဟာလူတိုင်းအတွက်မဟုတ်ဘဲ "အိမ်ထိန်းအန်တီထိဒါ" ရဲ့ခွင့်ပြုချက်ရမှသာငှားရမ်းခွင့်ရှိတာဖြစ်ပါတယ်။ ဒီတိုက်ခန်းလွတ်​တွေရဲ့လစဥ်​ကြေး​ပေး​ဆောင်မှုဟာ ​ငွေ​အ​​မြောက်အများပေး​ချေရန်မလိုဘဲ အလဲအလှယ်တစ်ခုနဲ့သာ​အခန်းခကိုပေး​ချေရမှာဖြစ်ပါတယ်။ "မာ့ခ်" ဟာအစ်မဖြစ်သူရဲ့ထူးဆန်းစွာဆုံးပါးမှုအ​ကြောင်းစုံစမ်းရန်အတွက် Dava Apartment ကို​ရောက်ရှိလာခဲ့ပါတယ်။ Dava Apartment မှာ​နေထိုင်သူ မိသားစုဝင်​တွေဟာထူးဆန်း​မှုတွေ လျှိုု့ဝှက်ချက်​တွေနဲ့​နေထိုင်​နေကြသူ​တွေဖြစ်ပြီး ညဘက်​ရောက်တိုင်းထူးဆန်းတဲ့အသံ​တွေအပြင် စကားများရန်ဖြစ်သံများလည်းမကြာခဏကြား​နေရတာဖြစ်ပါတယ် ။ ဒီ​တော့ Dava Apartment အတွင်းဖြစ်ပျက်​နေတဲ့အ​ကြောင်းအရာ​တွေဟာ တကယ်ပဲသရဲ​တ​စ္ဆေ​ခြောက်လှန့်ခြင်းနဲ့သက်ဆိုင်​နေမလား၊ ဒါမှမဟုတ် ဒီထက်ပိုတဲ့နက်နဲလျှို့ဝှက်ချက်​တွေရှိ​နေမလား၊ ပြီး​တော့ "မာ့ခ်" ​ရော အစ်မဖြစ်သူရဲ့​သေဆုံးရခြင်းအ​ကြောင်းအရာ​တွေနဲ့ Dava တိုက်ပျက်ကြီးအတွင်းဖြစ်ပျက်​နေတဲ့အ​ကြောင်းအရာ​တွေကိုစုံစမ်း​ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ဖြစ်တဲ့ " The Tenant " ဆိုတဲ့ movie ​လေးမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1 GB)/(605 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:27:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by CM Team

ဇာတ်လမ်းအကြောင်း