ဇာတ်ကားများ ရွေးရန်

Conor McGregor: Notorious

2017ဇာတ်ကားအမှတ် 7.0/1090 မိနစ်

Conor McGregor ဟာ ပြိုင်ဘက်ကို စကားနဲ့ ရန်စတတ်တဲ့ပုံစံ၊ ဘယ်သူ့ကိုမှ အမှုမထားတဲ့ ဟန်ပန်တွေကြောင့် လူငယ်တွေကြား ရေပန်းစားတဲ့ အိုင်ယာလန်နိုင်ငံသား ဖိုက်တာတစ်ယောက်ပါ။ ဝိတ်တန်းနှစ်ခုမှာ ချန်ပီယံဖြစ်ခဲ့ပြီး ဝိတ်တန်းသုံးခုက ပြိုင်ဘက်တွေကို အလဲထိုးနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ရေပိုက်ပြင်သမားဘဝကနေ UFC ရဲ့ ဝင်ငွေအများဆုံး ဖိုက်တာတွေထဲက တစ်ယောက်ဖြစ်လာဖို့ ကော်နာဟာ အချိန်နဲ့ ခွန်အားများစွာ ရင်းနှီးခဲ့ရတယ်။ ဘယ်သူနဲ့ပဲဖြစ်ဖြစ်၊ ဘယ်အချိန် ဘယ်ဝိတ်တန်းမှာပဲဖြစ်ဖြစ် အနိုင်ထိုးမယ်ဆိုတဲ့ စိတ်နဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာ UFC မရောက်ခင်က သူ့ဘဝအကြောင်း၊ ချန်ပီယံဖြစ်လာဖို့ လျှောက်ခဲ့တဲ့လမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပွဲတွေအတွက် ပြင်ဆင်ခဲ့ပုံတွေကို ရိုက်ကူးဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း