The Black Phone
ဂရက်ဘာ၊ တစ်နည်းအားဖြင့် “ဖမ်းဆီးသူ” လို့ လူတွေသိကြတဲ့ စိတ္တဇလူသတ်သမားဟာ ကလေးငါးယောက်ကို ဖမ်းဆီးသတ်ဖြတ်ထားပေမယ့် တရားခံကိုလည်း မမိသေးသလို အလောင်းတွေကိုလည်း ရှာမတွေ့ကြပါဘူး။ ခြောက်ယောက်မြောက်အဖြစ် ဖင်း အဖမ်းခံရတဲ့အချိန်မှာတော့ ထူးခြားတဲ့အဖြစ်အပျက်တွေ စလာပါတယ်။ ဖင်းရဲ့ညီမဟာ လူသတ်သမားအကြောင်း အိပ်မက်တွေ မက်နေပြီး အဲဒီထဲက သဲလွန်စတွေကို အခြေခံကာ လိုက်ရှာဖို့ ကြိုးစားလာတယ်။ ဖင်းကလည်း အဖမ်းခံထားရတဲ့ အခန်းထဲက ဖုန်းအပျက်ဆီ ဖုန်းခေါ်ဆိုမှုတွေ ဝင်လာတာကို ကြုံရပါတယ်။ ဖုန်းဆက်လာသူတွေက သူ့အရင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ကလေးငါးယောက်ပါ။ ကလေးတွေဟာ တစ်ယောက်တစ်လှည့် ဖုန်းဆက်ပြီး သူတို့ လွတ်မြောက်ဖို့ ကြိုးစားခဲ့တဲ့နည်းတွေနဲ့ အသတ်ခံခဲ့ရစဉ်က အမှားတွေကို ပြောပြလာကြတယ်။ လူသတ်မှုနဲ့ ပရလောကအကြောင်း ရောစပ်ထားတဲ့ ဒီဇာတ်လမ်းမှာ ဖင်းဟာ ဝိညာဉ်တွေရဲ့အကူအညီနဲ့ ဂရက်ဘာလက်ကနေ လွတ်အောင် ရုန်းထွက်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း