Orphan
ဂျွန်နဲ့ ကိတ်တို့ ဇနီးမောင်နှံမှာ ကလေးနှစ်ယောက် ရှိပါတယ်။ ကိတ်က တတိယကလေးကို ကိုယ်ဝန်ဆောင်နေတုန်း ပျက်ကျသွားခဲ့လို့ နှစ်ယောက်စလုံး အကြီးအကျယ် ခံစားခဲ့ရတယ်။ ဒီဆုံးရှုံးမှုကို ဖြေသိမ့်နိုင်ဖို့ တိုင်ပင်ကြပြီး ကလေးတစ်ယောက် မွေးစားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ မိဘမဲ့ဂေဟာမှာ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ထူးဆန်းတဲ့စကားတွေ ပြောတတ်တဲ့ အက်စတာကို သဘောကျသွားကြလို့ အိမ်ကို ခေါ်လာခဲ့တယ်။ အက်စတာရောက်လာတာကို သမီးအငယ်က လက်ခံပေမယ့် သားဖြစ်သူကတော့ သိပ်သဘောမကျပါဘူး။ အစပိုင်းမှာ အဆင်ပြေနေခဲ့ပေမယ့် နောက်ပိုင်း ကိတ်နဲ့လည်း မပြေလည်တော့ဘူး။ ဂျွန်နဲ့တော့ အက်စတာက အမြဲ အဆင်ပြေနေတယ်။ တဖြည်းဖြည်းနဲ့ ကိတ်မှာ အက်စတာအပေါ် သံသယဝင်စရာတွေ များလာပြီး သူ့နောက်ကြောင်းကို စုံစမ်းလာပါတော့တယ်။
ဇာတ်လမ်းအကြောင်း