ဇာတ်ကားများ ရွေးရန်

Pil's Adventures

2021ဇာတ်ကားအမှတ် 6.7/1089 မိနစ်

တိုင်းပြည်တစ်ပြည်မှာ မင်းကြီး နတ်ရွာလားသွားပြီးနောက် မင်းသားလေး အရွယ်မရောက်မချင်း မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်နေပါတယ်။ ထီးနန်းလွှဲပေးရမယ့်အချိန် ရောက်လာတော့ မှော်ဆရာက အရင်မင်းကြီးကို အဆိပ်ခတ်ခဲ့သလို မင်းသားလေးကိုလည်း သတ်ဖို့ ကြံစည်တယ်။ ဒါပေမယ့် ပီးလ်ဆိုတဲ့ ကလေးမလေးက အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်ပြီး ဆေးတွေကို ရောထွေးသွားအောင် လုပ်မိတာကြောင့် မင်းသားလေး ဆေးသောက်လိုက်တဲ့အခါ မသေဘဲ ကြက်ခေါင်း၊ ကြောင်ကိုယ်နဲ့ အကောင်ကြီးအဖြစ် ပြောင်းသွားပါတော့တယ်။ ပီးလ်က မင်းသားလေးအတွက် ဖြေဆေးရဖို့ ကူညီပေးပြီး မှော်ဆရာရဲ့ မွေးစားအမေ နေထိုင်တဲ့ ကျိန်စာသင့်တောအုပ်ထဲကို ခေါ်သွားပါတယ်။ အကူအညီအတွက် အပြန်အလှန်ပေးရမှာက အရင်မင်းကြီး ချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။ ဒီခရီးမှာ ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ပီးလ်နဲ့အတူ အစောင့်တစ်ယောက်၊ ကန့်လန့်တိုက်တတ်တဲ့ ရုပ်သေးရုပ်နဲ့ ကိုးရိုးကားရား အကောင်လေးသုံးကောင်လည်း ပါလာကြတယ်။ မင်းသားလေးကို မူလအတိုင်း ပြန်ဖြစ်အောင် ကူညီပေးနိုင်မယ့် စုန်းမကြီးဆီ သွားရတဲ့လမ်းမှာ မှော်ဆရာလွှတ်လိုက်တဲ့ ကြေးစားလူသတ်သမားတွေက နောက်ကလိုက်နေပါတယ်။ သူတို့အဖွဲ့ဟာ အားကောင်းမောင်းသန် ယူနီကွန်းတွေနဲ့ ခွေးပျံကြီးကိုလည်း ရင်ဆိုင်ရဦးမှာပါ။

ဇာတ်လမ်းအကြောင်း