ဇာတ်ကားများ ရွေးရန်

Gulu Gulu

2022ဇာတ်ကားအမှတ် 6.0/10122 မိနစ်

ဂူလူဘိုင်က ဘယ်သူပဲ အကူအညီတောင်းတောင်း ငြင်းလေ့မရှိသူပါ။ ကူညီပေးရင်း ကိုယ့်အတွက် ထိခိုက်နစ်နာရမယ်ဆိုရင်တောင် ကူညီတတ်တယ်။ တစ်ဖက်မှာတော့ မိခင်မရှိတော့တဲ့ သိပ္ပံပညာရှင်ရဲ့သား မတ်ဒီက အဖေဟာ သူ့ကို မချစ်ဘူးလို့ ထင်နေပါတယ်။ ဒါကြောင့် မွေးနေ့မှာ အဖေ့အချစ်ကို စမ်းကြည့်ဖို့ သူငယ်ချင်းတွေကို သူ့အား ပြန်ပေးဆွဲခိုင်းလိုက်တယ်။ မက်တီလ်ဒါကတော့ ဖခင်ရဲ့မျက်နှာကို နောက်ဆုံးအကြိမ် ကြည့်ရဖို့ ပြန်လာသူပါ။ အဖေတူအမေကွဲ အစ်ကိုတွေက သူ့ကို နောက်အိမ်ထောင်က ကလေးဆိုပြီး ခါးခါးသီးသီး ဆက်ဆံကြတယ်။ အမွေတွေကို အပိုင်သိမ်းချင်လို့ သူ့ကို ပြန်ပေးဆွဲခိုင်းဖို့ပါ ကြံစည်ထားကြပါတယ်။ ပြန်ပေးဆွဲရမယ့်သူရဲ့ပုံကို ပြတဲ့အချိန် နားလည်မှုလွဲသွားရာက မတ်ဒီနဲ့ မက်တီလ်ဒါကို လူမှားပြီး ပြန်ပေးဆွဲမိတဲ့အဖြစ် ရောက်သွားတယ်။ ဒီအရှုပ်အထွေးကို ဘယ်လိုဖြေရှင်းကြမလဲ၊ အမြဲကူညီတတ်တဲ့ ဂူလူဘိုင်ကရော ဘယ်လို ဝင်ပါလာမလဲ။

ဇာတ်လမ်းအကြောင်း