ဇာတ်ကားများ ရွေးရန်

Detective Sherdil

2025ဇာတ်ကား106 မိနစ်

Detective Sherdil (2025) ပဟေဠိ ဘူဒါပတ်စ်မြို့ရဲ့ လှပဆန်းကြယ်တဲ့ ရှုခင်းတွေကြားမှာ တည်ဆောက်ထားတဲ့ ဒီကားက စိတ်လှုပ်ရှားစရာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပေါ့ပေါ့ပါးပါး ဟာသတွေကို ပေါင်းစပ်ထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ် ဇွန်လ ၂၀ ရက် ၂၀၂၅ မှာ ZEE5 ကနေ စတင်ထုတ်လွှင့်ပြသနေပြီဖြစ်ပြီး ဒီဇာတ်ကားမှာ နာမည်ကျော် မင်းသားဒယ်လ်ဂျစ်ဒိုဆန်ချ်က ထူးခြားတဲ့ စုံထောက်ရှာဒီလ်အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ ဇာတ်လမ်းကတော့ အိန္ဒိယနွယ်ဖွား တယ်လီကွန်းလုပ်ငန်းရှင် မီလီယံနာသူ‌ဋ္ဌေးကြီးကို ဘူဒါပတ်စ်မြို့ရဲ့ လမ်းမပေါ်မှာ ရက်ရက်စက်စက် အသတ်ခံရတာကနေ စတင်ပါတယ် ပထမတော့ ရိုးရိုးဒုစရိုက်မှုလို့ ထင်ရပေမဲ့ ဉာဏ်ထက်မြက်ပြီး ပုံမှန်နဲ့မတူတဲ့ ရှာဒီလ်နဲ့ သူ့ရဲ့အဖော်ဖြစ်သူ အလှပဂေးစမတ်ကျတဲ့ နာတာရှာတို့ နှစ်ယောက်ပေါင်းပြီး စုံစမ်းထောက်လှမ်းလာတဲ့အခါမှာတော့ ဒါကလျှို့ဝှက်နက်နဲတဲ့ ကြံစည်မှုကြီးတစ်ခု ဖြစ်နေကြောင်း တွေ့ရှိလာရပါတော့တယ် ရှာဒီလ်က အမှုမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူဋ္ဌေးကြီးရဲ့ မိသားစုဝင်တွေအပါအဝင် ထူးဆန်းတဲ့ သံသယရှိသူတွေနဲ့တွေ့ရပါတော့တယ် တွေ့ရှိလာရတဲ့ သဲလွန်စတွေက ဖုံးကွယ်ထားတဲ့ လိမ်လည်မှုတွေ ကြာရှည်စွာ ကိန်းအောင်းနေတဲ့ မကျေနပ်မှုတွေဆီကို ဦးတည်နေပြီး ဇာတ်လမ်းက ပိုမိုရှုပ်ထွေးလာပါတော့တယ် ရှာဒီလ်ရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်နဲ့ စူးရှတဲ့ အလိုလိုသိမြင်မှုတွေက ဒီရှုပ်ထွေးလှတဲ့ အမှုရဲ့ တကယ့်တရားခံကို ဖော်ထုတ်နိုင်မလားဆိုတာကတော့ ပရိသတ်ကို ဇာတ်ကားအဆုံးထိ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်ကြည့်ချင်နေမှာပါ လျှို့ဝှက်ဆန်းကြယ်မှုလည်းပါ စိတ်လှုပ်ရှားစရာလည်းကောင်းတဲ့ ဇာတ်ကားမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီကားက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ် ဘူဒါပတ်စ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုကို ရှာဒီလ်နဲ့အတူ ဖော်ထုတ်လိုက်ရအောင်လား ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 1.4 GB / 700 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h46min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း