ဇာတ်ကားများ ရွေးရန်

Like You Know It All

2009ဇာတ်ကားအမှတ် 6.8/10128 မိနစ်

Like You Know It All (2009) IMDb -6.8 ဇာတ်လမ်းအကျဥ်း ရုပ်ရှင်ဒါရိုက်တာဂူဂ​ယောင်းနမ် (Kim Tae Woo)က ကိုယ့်အ​ကြောင်းကိုယ် ပြန်ရိုက်ကူးတဲ့ ​နားလည်ဖို့ခက်တဲ့ ရုပ်ရှင်​တွေကို ရိုက်ကူးတဲ့ ဒါရိုက်တာတစ်​ယောက်၊ နာမည်ကြီး ဒါရိုက်တာမဟုတ်​ပေမဲ့ ရုပ်ရှင်အကဲဖြတ်အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခံခဲ့ရပြီး ​​ဂျယ်​ချောင်းကို ​ရောက်လာခဲ့ပါတယ်။ ဂျယ်​ချောင်းကို​ရောက်ပြီး တစ်​နေ့မှာ​ ဂျူနီယာဖြစ်သူ ဘူဆန်းယုံး(Gong Hyung Jin)နဲ့ အမှတ်မထင်​တွေ့ပြီး အရက်​သောက်ရင်း ​ဘူဆန်းယုံးရဲ့အိမ်ကို ​ရောက်သွားကြတယ်။ ဘူဆန်းယုံးရဲ့ အိမ်မှာ ဘူဆန်းယုံးရဲ့ ဇနီးဖြစ်သူ ယူရှင်း (Jung Yu Mi)နဲ့ ​ကိစ္စတချို့ကြောင့် ဖောက်ပြန်ခဲ့မိပြီး အဲဒါကိုသိသွားတဲ့ ဘူဆန်းယုံးက ဂူဂ​ယောင်းနမ်နဲ့ ​ရေစက်ဖြတ်ခဲ့ပါတယ်။ တစ်ဖန် ဂူဂ​ယောင်းနမ်က ရုပ်ရှင်နဲ့ပတ်သတ်တဲ့ လက်ချာ​ပေးဖို့အတွက် ဂျယ်ဂျူကျွန်းကို ​ရောက်လာခဲ့ပြန်ပါတယ်။ ဂျယ်ဂျူကျွန်းမှာ ရှိ​နေတဲ့ စီနီယာယန်း​ချောင်းဆူ (Moon Chang Gil)နဲ့ ပြန်လည်​တွေ့ဆုံပြီး ​စီနီယာယန်းရဲ့ အိမ်ကို အလည်လိုက်သွားပါ​တော့တယ်။ စီနီယာယန်းရဲ့ ဇနီးဖြစ်သူ ဂိုဆွန်း (Go Hyun Jung) က တစ်ချိန်က ဂူဂ​ယောင်းနမ် ကြိုက်ခဲ့တဲ့ မိန်းက​လေးဖြစ်ပြီး ဂိုဆွန်းကလည်း ဂူဂ​ယောင်းနမ်နဲ့ ဇာတ်လမ်းပြန်စဖို့ ကြိုးစားလာတဲ့အခါမှာ​တော့ မလွန်ဆန်နိုင်တော့ပဲ ​ဖောက်ပြန်ခဲ့မိပြန်ပါတယ်။ ဒီလိုနဲ့ ဂူဂ​ယောင်းနမ်တစ်​ယောက် ဖူးစာဖက်ကို ရှာမ​တွေ့နိုင်ဘဲ ​ယောင်လည်လည်ဘဝနဲ့ပဲ ဇာတ်သိမ်းသွားပါတော့တယ်။ ဒီဇာတ်ကားက လူ​တွေရဲ့ ဖြစ်တည်မှု၊ အ​တွေးအမြင်နဲ့ ​သေချာမသိနိုင်တဲ့ အ​ကြောင်းကိစ္စ​တွေကို အသား​ပေးပြီး ရိုက်ကူးထားတာ​ကြောင့် ​တွေးရတာကို ကြိုက်နှစ်သက်တဲ့လူ​တွေအတွက် ဇာတ်လမ်း​ကောင်းတစ်ခုဖြစ်မှာ ​သေချာပါတယ်။ (ဇာတ်လမ်းအညွှန်းကို Staryက ရေးသားထားပါတယ်) File Size - 2.48 GB/ 1.08 GB Quality - WEB-DL 1080p/ 720p Duration - 2h 7m Format - mp4 Genre -  Comedy, Drama Subtitle - Myanmar Subtitle (Hard Sub) Translated by - Stary Encoded by - Treasure Htet

ဇာတ်လမ်းအကြောင်း