ဇာတ်ကားများ ရွေးရန်

Possessed

2000ဇာတ်ကားအမှတ် 5.4/1089 မိနစ်

ဖာသာ ဘိုဒန်ဟာ ဒုတိယကမ္ဘာစစ်ကနေ ပြန်လာခဲ့တဲ့ စစ်ပြန်တစ်ဦးဖြစ်သလို ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးလည်း ဖြစ်ပါတယ်။ စစ်အတွင်း ပြင်သစ်မှာ လူငယ်လေးတစ်ယောက်ကို မကယ်နိုင်ခဲ့တဲ့အဖြစ်ကြောင့် စိတ်ဒဏ်ရာရပြီး PTSD ခံစားနေရသလို အရက်လည်း စွဲနေခဲ့တယ်။ အခုတော့ ကက်သလစ်တက္ကသိုလ်ရဲ့ ဘုရားကျောင်းမှာ တာဝန်ထမ်းဆောင်နေပါတယ်။ အဲဒီအချိန်မှာ ဘိုဒန်ကြုံလာရတာက အသက် ၁၁ နှစ်အရွယ် ရော်ဘီရဲ့အဖြစ်ပါ။ ရော်ဘီဟာ အလွန်အမင်း ဆဲဆိုရိုင်းစိုင်းနေပြီး သူ့အနီးအနားမှာလည်း သဘာဝလွန်ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတာကို သိပ္ပံနည်းနဲ့လည်း အဖြေမရှာနိုင်ကြပါဘူး။ နောက်ဆုံးမျှော်လင့်ချက်အဖြစ် ရောက်လာတဲ့ ရော်ဘီ့မိသားစုကို ဘိုဒန် ကူညီနိုင်ပါ့မလား။ ၂၀ ရာစုမှာ ဒီလိုအဖြစ်အပျက်တွေ ရှိနေတယ်ဆိုတာကို ကက်သလစ်ကျောင်းတော်ကရော ယုံကြည်ပေးပါ့မလား။ ကိုယ်တိုင်လည်း စိတ်ဒဏ်ရာတွေနဲ့ နေထိုင်နေရတဲ့ ဘိုဒန်ရဲ့ယုံကြည်မှုက ဒီစမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်မလား။

ဇာတ်လမ်းအကြောင်း