ဇာတ်ကားများ ရွေးရန်

Bullet Train

2022ဇာတ်ကားအမှတ် 7.5/10126 မိနစ်4K

ဘရက်ပစ် သရုပ်ဆောင်ထားတဲ့ ကြေးစားဟောင်းတစ်ယောက်ဟာ စိတ်ဒဏ်ရာတွေအတွက် ဆရာဝန်နဲ့ ပြသရင်း အလုပ်ကနေ အနားယူနေပါတယ်။ အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်တဲ့အခါ လွယ်လွယ်ကူကူ အလုပ်လေးတစ်ခု ပေးဖို့ တောင်းဆိုလိုက်တယ်။ သူရလာတဲ့တာဝန်က ရထားပေါ်တက်ပြီး ပစ္စည်းတစ်ခုယူကာ ပြန်ဆင်းလာဖို့ပါပဲ။ ဒါပေမယ့် သူတက်လာတဲ့ ကျည်ဆံရထားပေါ်မှာ ဂျပန်ရဲ့အကြီးဆုံး ဂိုဏ်းခေါင်းဆောင်၊ လူသတ်သမားတွေနဲ့ ကြေးစားတွေက ကိုယ့်အကြောင်းနဲ့ကိုယ်၊ ကိုယ့်အကြံနဲ့ကိုယ် ရောက်နေကြတယ်။ လွယ်မယ်ထင်ထားတဲ့ အလုပ်ကနေ လူမျိုးစုံနဲ့ ရင်ဆိုင်ရတော့ပြီး အလွဲတွေကြားမှာ အသက်ရှင်ဖို့ ရုန်းကန်ရပါတော့တယ်။ အက်ရှင်နဲ့ ဟာသကို တွဲထားတဲ့ ရုပ်ရှင်ဖြစ်ပြီး Atomic Blond ကို ရိုက်ကူးခဲ့သလို John Wick မှာလည်း ထုတ်လုပ်သူအဖြစ် လုပ်ခဲ့တဲ့ David Leitch က ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း