Piku
ပီကူးက ထက်မြက်တဲ့ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အမြဲအလုပ်များပြီး စိတ်မရှည်တတ်သူပါ။ သူ့အဖေ မစ္စတာဘာနာဂျီကလည်း နားမကောင်းတဲ့အပြင် လုပ်ချင်ရာကို ဇွတ်လုပ်တတ်တာကြောင့် အဖေနဲ့သမီးဟာ မကြာခဏ ကတောက်ကဆ ဖြစ်နေကြပါတယ်။ ဒီသားအဖ ကာလကတ္တားကို ခရီးထွက်ဖို့ စီစဉ်တဲ့အခါ သူတို့အကြောင်းသိတဲ့ ကားသမားတွေက ဘယ်သူမှ လိုက်မပို့ချင်ကြဘူး။ နောက်ဆုံး ဘယ်လိုမှ ငြင်းမရတော့တဲ့ ကားအငှားလုပ်ငန်းပိုင်ရှင် ရာနာကိုယ်တိုင်ပဲ ကားမောင်းပို့ဖို့ ဖြစ်လာပါတယ်။ သဘောထားချင်း မတိုက်ဆိုင်တတ်တဲ့ သားအဖနှစ်ယောက်နဲ့ သူတို့ကို လိုက်ပို့ရတဲ့ ရာနာတို့ရဲ့ လမ်းခရီးအကြောင်းကို ဆက်ပြထားတာပါ။ Deepika Padukone၊ Amitabh Bachchan နဲ့ Irrfan Khan တို့ ပါဝင်ထားတဲ့ ဒရမ်မာရုပ်ရှင်ဖြစ်ပြီး Deepika ဟာ ဒီဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့ပါတယ်။ ဇာတ်ကားကလည်း အခြားဆုအများအပြား ရထားပါတယ်။
ဇာတ်လမ်းအကြောင်း