ဇာတ်ကားများ ရွေးရန်

A Desert

2025ဇာတ်ကားအမှတ် 5.3/10103 မိနစ်

2024 ကမှထွက်ရှိထားတဲ့ A Desert ဟာ လူပြတ်တဲ့ သဲကန္တာရထဲက လူအချင်းချင်း လှည့်စားမှုတွေ ရက်စက်တွေကို ကွက်ကွက်ကွင်းကွင်းမြင်သာအောင် ရိုက်ပြထားတဲ့ Horror Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရရှိခဲ့သောဆုများ - the Best Motion Picture - New Visions Award at the Sitges Catalonian International Film Festival, - Festival Award for Best Actor (Zachary Ray Sherman), - Total Film award for Best Film သရုပ်ဆောင်များ - Kai Lennox (Alex Clark အဖြစ်) - Zachary Ray Sherman (Renny အဖြစ်) - Sarah Lind (Sam Clark အဖြစ်) - Ashley B. Smith (Suzy Q အဖြစ်) - David Yow (Harold Palladino အဖြစ်) ဇာတ်လမ်းအကျဥ်း ++++++++++++ Alex ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ အဆောက်အုံပုံဟောင်းတွေ ရှုခင်းတွေကို ဓါတ်ပုံရိုက်ရတာ ဝါသနာကြီးသူဖြစ်ပါတယ်။ သူ့မှာ သူ့ကိုသိပ်ချစ်တဲ့ Sam ဆိုတဲ့ ဇနီးချောလေးတစ်ယောက်လည်းရှိပါတယ်။ Alex ဟာနယ်စုံလှည့်လည်ခရီးသွားလာပြီး ဓါတ်ပုံရိုက်ရင်း Renny နဲ့ Suzy ဆိုတဲ့ မောင်နှမ ၂ ယောက်နဲ့ အမှတ်မထင် ဆုံဖြစ်ခဲ့ပါတယ်။ Renny နဲ့ Suzy ဟာပုံမှန်လိုထင်ရပေမဲ့ နောက်ကွယ်မှာ လျှို့ဝှက်နက်နဲတဲ့ ကိစ္စတွေကို ဖုံးကွယ်ထားကြသူတွေဖြစ်ပြီး Alex ဟာလည်း သူတို့လက်ချက်နဲ့ ပျောက်ချင်းမလှပျောက်သွားပါတယ်။ ဒါကြောင့် Sam ဟာ ပုဂ္ဂလိက စုံထောက်တစ်ဦးဖြစ်တဲ့ Harold ကိုငှားပြီး Alex ကိုရှာခိုင်းပါတော့တယ်။ Alex ဘာဖြစ်သွားတာလဲ၊ Sam နဲ့ Harold ကရော Alex ကိုရှာရင်း အန္တရာယ်ကင်းပါ့မလား.... Renny နဲ့ Suzy တို့ကရော လူကောင်းတွေဟုတ်ရဲ့လားဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။ File Size… (2.03 GB) / ( 749 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 43m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

ဇာတ်လမ်းအကြောင်း