My Cousin Vinny
နယူးယောက်က ကောလိပ်ကျောင်းသား ဘီလ်နဲ့ စတန်တို့ သူငယ်ချင်းနှစ်ယောက်ဟာ အယ်လာဘားမားကို ဖြတ်မောင်းလာရင်း ကုန်စုံဆိုင်တစ်ဆိုင်မှာ ဈေးဝင်ဝယ်ကြပါတယ်။ သူတို့ထွက်လာပြီးနောက် ဆိုင်စာရေး လုယက်သတ်ဖြတ်ခံလိုက်ရတာကိုတော့ မသိခဲ့ကြဘူး။ ဘီလ်က ဆိုင်ကနေ တူနားငါးသေတ္တာတစ်ဘူး အလစ်သုတ်လာခဲ့လို့ ရဲတွေလိုက်လာတဲ့အခါ အဲဒီကိစ္စကြောင့်ပဲလို့ ထင်နေတယ်။ ရဲစခန်းမှာ စစ်မေးခံရတဲ့အထိလည်း နှစ်ယောက်စလုံး အဲဒီလိုပဲ နားလည်ထားကြတာပါ။ တကယ်တော့ သူတို့ကို ဆိုင်စာရေးသတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းထားတာ ဖြစ်နေပါတယ်။ နားလည်မှုလွဲပြီး ဝန်ခံမိထားတဲ့အပြင် အထောက်အထားတွေကလည်း သူတို့ဘက်ကိုပဲ ညွှန်နေတယ်။ ပြစ်မှုထင်ရှားရင် သေဒဏ်အထိ ကြုံရနိုင်တဲ့အခြေအနေမှာ ဘီလ်ရဲ့ ဝမ်းကွဲ ဗင်နီဆိုတဲ့ရှေ့နေက အမှုလိုက်ပေးဖို့ ရောက်လာပါတယ်။ ဗင်နီက ရှေ့နေကျောင်းကို ခြောက်နှစ်တက်ခဲ့ပေမယ့် တရားခွင်အတွေ့အကြုံ လုံးဝမရှိသေးသူပါ။ အယ်လာဘားမားအကြောင်းလည်း မသိ၊ သူတို့အမှုအကြောင်းလည်း မသိသေးတဲ့ ဗင်နီတစ်ယောက် ဒီနှစ်ယောက်အတွက် ဘယ်လိုရင်ဆိုင်ပေးမလဲဆိုတာကနေ ဟာသတွေ ဖြစ်လာပါတယ်။ ဗင်နီရဲ့ ဇနီးလောင်းအဖြစ်တော့ Marisa Tomei ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း