ဇာတ်ကားများ ရွေးရန်

Big Trip 2: Special Delivery

2022ဇာတ်ကားအမှတ် 6.5/1090 မိနစ်

Big Trip ပထမကားမှာ သူတို့ဆီ မှားရောက်လာတဲ့ ပန်ဒါလေးကို အိမ်ပြန်ပို့ပေးခဲ့တဲ့ ဝက်ဝံကြီး မစ်မစ်နဲ့ ဉာဏ်ကောင်းတဲ့ ယုန်လေး အော်စကာတို့ ဒီတစ်ခါလည်း ကလေးတစ်ကောင်ကို ပြန်ပို့ပေးရပြန်ပါတယ်။ သူတို့ဆီ မှားရောက်လာတာက အမေရိက သစ်တောပြည်ထောင်စုရဲ့ သမ္မတလောင်း ဝက်ဝံကြီး ဂရစ်ဇလီရဲ့ ကလေးပါ။ အဲဒီပြည်ထောင်စုမှာ သားသမီးရှိသူမှ သမ္မတလုပ်ခွင့်ရှိတဲ့ ဥပဒေရှိတာကြောင့် ရွေးကောက်ပွဲမတိုင်ခင် ဝက်ဝံပေါက်လေး ပြန်ရောက်ဖို့က ဂရစ်ဇလီတို့အတွက် အရေးကြီးနေပါတယ်။ ဒါကြောင့် မစ်မစ်တို့ဟာ ကလေးကို နေရပ်ဆီ အချိန်မီပို့ပေးဖို့ ခရီးထွက်ကြရတယ်။ ဒီခရီးမှာ မစ်မစ်နဲ့ အော်စကာအပြင် ပထမကားက ပန်ဒါလေးနဲ့ ပို့ဆောင်ရေးငှက် ကားလ်တို့လည်း အတူလိုက်ပါလာကြပါတယ်။

ဇာတ်လမ်းအကြောင်း