[REC]⁴ Apocalypse
အန်ဟယ်လာဗီဒယ်ကို ကယ်တင်ခဲ့ပြီးနောက် ရောဂါဖြစ်ပွားရာနေရာထဲ ဝင်ရောက်ခဲ့သူတွေကို အကြိမ်ကြိမ် စစ်ဆေးပြီး သင်္ဘောတစ်စီးနဲ့ ပင်လယ်ထဲ ပို့လိုက်ကြပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်မယ့် ဖြေဆေးဖော်စပ်ဖို့ ကြိုးစားနေကြတယ်။ ဖြေဆေးက မအောင်မြင်တဲ့အတွက် တခြားနည်းလမ်းကို ရှာကြရင်း ကင်မရာထဲက အန်ဟယ်လာရဲ့ မှတ်တမ်းတွေကို တွေ့သွားပါတယ်။ အန်ဟယ်လာမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေသလဲ၊ သူကိုယ်တိုင်ကရော တကယ်ပဲ ကူးစက်ခံထားရတာလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။ ဖြေဆေးကို ဖော်စပ်နိုင်မလား၊ သူတို့ရှိနေတဲ့ သင်္ဘောပေါ်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို သွေးထွက်သံယိုအခန်းတွေနဲ့ ဆက်ပြထားပါတယ်။ REC စီးရီးရဲ့ စတုတ္ထမြောက်နဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီး Jaume Balaguero က ရိုက်ကူးထားပါတယ်။ အန်ဟယ်လာဗီဒယ်အဖြစ် Manuela Velasco ပြန်လည်ပါဝင်လာပြီး Pavo Manzanedo၊ Hector Colome၊ Ismael Fritschi နဲ့ Crispulo Cabezas တို့လည်း သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအကြောင်း