ဇာတ်ကားများ ရွေးရန်

DAEMUGA

2022ဇာတ်ကားအမှတ် 6.2/10108 မိနစ်

ဒယ်မူဂါဆိုတာ နတ်ဆရာအဖြစ် ချီးမြှောက်ခံရဖို့ ရွတ်ရတဲ့ ဂါထာလို့ မူရင်းမှာ ဆိုထားပါတယ်။ အလုပ်လက်မဲ့ဖြစ်နေတဲ့ ရှင်းနမ်က ဘယ်လိုမှ အလုပ်ရှာမရတဲ့အဆုံး နတ်ဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ နတ်ဆရာလုပ်ဖို့ ပါရမီမပါတဲ့သူမို့ လိမ်ညာပြီး အသက်မွေးနေရတာပါ။ အကြွေးတွေလည်း ရှိနေတော့ ရပ်လို့မရဘဲ ဆက်လုပ်နေရာက အရှုပ်အထွေးတစ်ခုထဲ ပါသွားပြီး ခြေရာပျောက်သွားပါတယ်။ တစ်ဖက်မှာတော့ တကယ့်နတ်ဆရာကြီး မာဆောင်းဂျွန်းနဲ့ လူမိုက် ဆွန်းအစ်ဆူတို့အဖွဲ့က ပိုက်ဆံအချီကြီးရဖို့ ဂွင်ဖန်နေကြတယ်။ ရှင်းနမ် ပျောက်သွားတဲ့ကိစ္စမှာ သူတို့ ပါဝင်ပတ်သက်နေသလား။ သူတို့ အသည်းအသန် ကြိုးစားနေတဲ့ကိစ္စကရော အောင်မြင်နိုင်ပါ့မလားဆိုတာကို ဟာသနဲ့ ဒရာမာ ရောစပ်ပြီး ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း