ဇာတ်ကားများ ရွေးရန်

Pakka Commercial

2022ဇာတ်ကားအမှတ် 4.9/10160 မိနစ်

ဂိုပီချန့် သရုပ်ဆောင်ထားတဲ့ ရှေ့နေက ပိုက်ဆံကိုပဲ အလေးထားသူပါ။ သူ့အဖေက အမှုတစ်ခုကြောင့် နာမည်ကျပြီး စိတ်ဓာတ်ကျနေချိန်မှာ ဒီအမှုကို သူ ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတဲ့အကြောင်းနဲ့ ဇာတ်လမ်းကို ဆက်ထားပါတယ်။ Oxygen (2017) နဲ့ မြန်မာပရိသတ်တွေ ရင်းနှီးလာတဲ့ ဂိုပီချန့်နဲ့အတူ ရက်ရှီခန်နာလည်း တွဲဖက်ပါဝင်ထားတယ်။ ပိုက်ဆံကိုသာ ကြည့်တယ်ဆိုတဲ့ ရှေ့နေရဲ့ တကယ့်သဘောထားက ဘယ်လိုလဲ၊ ရက်ရှီခန်နာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်ကရော ဘယ်လိုလူလဲဆိုတာ ဆက်ဖော်ပြသွားပါတယ်။ ဘယ်သူတွေက မျက်နှာဖုံးစွပ်ထားကြတာလဲ၊ နောက်ကွယ်က လူမိုက်တွေကို ဘယ်သူက ထိန်းချုပ်နေတာလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေတယ်။ ပေါ့ပေါ့ပါးပါး ဟာသနဲ့ စထားတဲ့ ဇာတ်လမ်းကနေ လူမှုအသိုင်းအဝိုင်းနဲ့ သက်ဆိုင်တဲ့ အယူအဆတွေနဲ့ လက်တွေ့ဘဝအကြောင်းတွေကိုပါ ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း