ဇာတ်ကားများ ရွေးရန်

Singsot: Siulan Kematian

2025ဇာတ်ကားအမှတ် 6.0/1075 မိနစ်

Singsot: Siulan Kematian (2025) IMDb Rating (6.7) ရိုးရာယုံကြည်မှုအစွဲအလန်းတွေဟာ အစွန်းရောက်တဲ့အထိ ဖက်တွယ်ထားဖို့အဆင်မပြေဘူးဆိုပေမယ့် တစ်ခါတစ်လေမှာပစ်ပယ်ထားလို့မရတဲ့အရာမျိုးတွေရှိနေတတ်ပြန်ပါသေးတယ်။ အီပန်းဆိုတဲ့ကောင်လေးကတော့ အဘိုးအဘွားတွေ ဆုံးမလေ့ရှိတဲ့နေဝင်ရီတရောအချိန်မှာလေမချွန်နဲ့ဆိုတဲ့ တားမြစ်ချက်ကိုဖောက်ဖျက်ခဲ့မိလို့ အိမ်မက်ဆိုးတွေအကြိမ်ကြိမ်မက်၊ မမြင်အပ်တဲ့အရာတွေကိုထပ်တလဲလဲမြင်ရာကနေပြီး လိပ်ပြာငယ်လာတဲ့နောက် တစ်ဖက်လောကမှာရှိတဲ့ မကောင်းဆိုးဝါးဖုတ်သရဲက လူလဲဖို့ကြိုးစားလာတဲ့အထိ အသက်အန္တရာယ်ကြုံတွေ့ခဲ့ရပါတယ်။ ဒါတွေအားလုံးဟာ သူတို့ရွာက ပတေးဆိုတဲ့ လူတစ်ယောက်ရွာအစွန်တောအုပ်ထဲကို ငှက်သွားဖမ်းရာကနေ မမြင်အပ်တဲ့တစ်စုံတစ်ရာရဲ့ဖမ်းဆီးခေါ်သွားမှုကို ခံခဲ့ရပြီးပြန်ရောက်အလာမှာ အိပ်ယာပေါ်မလှုပ်မယှက်ပက်လက်ဘ၀ကိုရောက်သွားတဲ့ဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကို ဒီဘ၀ကနေ လွတ်မြောက်ဖို့ပတေးရဲ့ဇနီးကဖြစ်တဲ့နည်းနဲ့ကြိုးစားတော့မှာဖြစ်တဲ့အတွက် ဒီဖြစ်ရပ်တွေဟာ အီပန်းနဲ့တကွတစ်ရွာလုံးနဲ့ပါ ဘယ်လိုဆက်စပ်ဂယက်ရိုက်လာမလဲ? အီပန်းတစ်ယောက်ရော လူစားလဲခံရမယ့် အန္တရာယ်ကနေလွတ်မြောက်နိုင်ပါ့မလားအစရှိတာတွေကိုသဲထိတ်ရင်ဖိုရှုစားကြရမယ့် ဟော်ရာကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (550 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:15:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

ဇာတ်လမ်းအကြောင်း