ဇာတ်ကားများ ရွေးရန်

Wengi Anak Mayit

2018ဇာတ်ကား76 မိနစ်

Wengi Anak Mayit (2018) IMDb Rating (5.9) ဒေဝီဟာ ခင်ပွန်းဖြစ်သူနဲ့အိမ်ထောင်ကွဲပြီးနောက် သူ့မိဘတွေဆီကနေ အိမ်ကြီးတစ်လုံးလက်ဆောင်ရခဲ့တဲ့အတွက်မြို့ပေါ်မှာ အိမ်ငှားမနေတော့ပဲ သမီးဖြစ်သူ ဘယ်လာနဲ့အတူနယ်က အိမ်ကြီးကိုပြောင်းလာခဲ့ပါတယ်။ အဲ့ဒီအိမ်ကြီးမှာအိမ်တော်ထိန်းအမျိုးသမီး ရတ်မီဆိုသူတစ်ဦးပဲရှိနေခဲ့ပြီး သူတို့ရောက်လာကတည်းက ခပ်တည်တည်တင်းတင်းဆက်ဆံတတ်ပါတယ်။ အဲ့ဒီအိမ်ကြီးရဲ့လှေကားအောက်မှာပိတ်ထားတဲ့ အခန်းတစ်ခန်းရှိပြီး အဲ့ဒီအခန်းကိုဘယ်သူမှမဖွင့်ဖို့ ရတ်မီကတင်းတင်းကျပ်ကျပ်တားမြစ်ထားပေမယ့် ကလေးမလေးဘယ်လာ အဲ့ဒီအခန်းထဲကိုဝင်ရောက်သွားမိပြီးတဲ့နောက် အိမ်ကြီးတစ်ခုလုံးမှာ ထူးခြားပြီးကြောက်မက်ဖွယ်ဖြစ်ရပ်တွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။ တကယ်တော့ အဲ့ဒီအိမ်ကြီးထဲက အဲ့ဒီအခန်းထဲက တစ်စုံတစ်ရာဟာ သူတို့သားအမိကိုစောင့်နေခဲ့တာဖြစ်ပြီးအခုချိန်မှာတော့ သူ့အလိုကျအခြေအနေအရပ်ရပ်ကိုစေစားတော့မှာပါ။ ဒီလိုအနေအထားမှာ သူတို့သားအမိ ဘယ်သူ့အားကိုးနဲ့ရုန်းထွက်မလဲ? အိမ်တော်ထိန်းရတ်မီဟာ အားကိုးရမယ့်သူမျိုးလား? ဒါမှမဟုတ်သူတို့အပေါ်ဘယ်လိုအကြံအစည်မျိုးရှိနေမှာလဲ? ဆက်လက်ရှုစားကြပါ။ File size… (1.4 GB) / (510 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:19:01 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း