ဇာတ်ကားများ ရွေးရန်

Jothi

2022ဇာတ်ကားအမှတ် 7.0/10115 မိနစ်

ကလေးပျောက်မှုနဲ့ ကလေးလူကုန်ကူးမှုတွေ ဖြစ်နေတဲ့ မြို့လေးမှာ နေထိုင်တဲ့ ဂျိုသီဟာ ကိုယ်ဝန်အရင့်အမာနဲ့ မိခင်လောင်းတစ်ယောက်ပါ။ မွေးလာမယ့် ကလေးလေး ပြန်ပေးဆွဲခံရရင် ဘယ်လိုလုပ်ရမလဲဆိုပြီး တွေးပူနေတတ်တယ်။ ဆရာဝန်ဖြစ်တဲ့ ခင်ပွန်းက အလုပ်ကိစ္စနဲ့ အဝေးသွားချိန်၊ သူတစ်ယောက်တည်း ကျန်ခဲ့တဲ့အခါမှာတော့ စိုးရိမ်ထားတာထက်တောင် ဆိုးတဲ့အဖြစ်ကို ကြုံရပါတော့တယ်။ မမွေးရသေးတဲ့ ကလေးကို သူ့ဗိုက်ထဲကနေ အတင်းခွဲထုတ်ပြီး ပြန်ပေးဆွဲသွားတာပါ။ ညကြီးမိုးချုပ်မှာ မိုးကာဝတ်ပြီး ရောက်လာတဲ့ တရားခံဟာ ကျွမ်းကျင်သူတစ်ယောက်လို သေသေသပ်သပ် ခွဲစိတ်ပြီး ကလေးကို ယူသွားခဲ့ပါတယ်။ ဒီလူ ဘယ်သူလဲဆိုတာ ဖော်ထုတ်ဖို့ မြို့နယ်ရဲမှူး ရှက်သီနဲ့အဖွဲ့ စုံစမ်းကြရတယ်။ စစ်ဆေးချက်တွေ၊ သက်သေတွေနဲ့ မှတ်တမ်းတွေနောက် လိုက်လေလေ သံသယရှိသူတွေက ပိုများလာလေလေ ဖြစ်နေပါတယ်။ အမှုကို မဖော်ထုတ်နိုင်သေးဘဲ သံသယရှိသူတွေ တိုးလာတာက ရှက်သီရဲ့ မာနကိုပါ ထိခိုက်လာစေတယ်။ တရားခံအစစ်က ဘယ်သူလဲ၊ ရှက်သီက ဖမ်းဆီးပြနိုင်မလားဆိုတာကို အဓိကထားတဲ့ တမီးလ် Thriller ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းကို ခပ်သွက်သွက် တင်ဆက်ထားပါတယ်။ တချို့အခန်းတွေမှာ သွေးထွက်သံယို မြင်ကွင်းတွေ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း