The Desert Dragon
ထန်မင်းဆက် နှောင်းပိုင်းကာလမှာ ခွန်းလွင်တောင်ထိပ်ရှိ ခွန်းဝူအဆောင်တော်ရဲ့ အကြီးအကဲ ဟွမ်ဖူဟာ နတ်ဆိုးဂိုဏ်းသားတွေ နဂါးရဲ့သွေးကြောကို ဖျက်ဆီးနေကြောင်း ခံစားမိလာပါတယ်။ ဒါကြောင့် တပည့်တွေကို ဦးဆောင်ပြီး နှစ်တစ်ထောင်သက်တမ်းရှိတဲ့ သစ်ပင်နတ်ဆိုးကို တိုက်ခိုက်ဖို့ ထွက်လာခဲ့တယ်။ သစ်ပင်နတ်ဆိုးက ရွှမ်းယင်ပုလဲကို စုပ်ယူပြီးရင် ခွန်းဝူနန်းဆောင်တော်ကို ဖျက်ဆီးတိုက်ခိုက်လာမှာကို စိုးရိမ်တဲ့ ဟွမ်ဖူဟာ ဖေးလျိုလမ်းစဉ်ကို အသက်သွင်းပြီး တားဆီးပါတယ်။ နောက်တော့ နတ်ဆိုး ပုလဲမရခင် ချေမှုန်းနိုင်ဖို့ တပည့်နှစ်ယောက်ဖြစ်တဲ့ ရွှင်ထူနဲ့ ချူလင်အာကို ဖန်ရှစ်မြို့တော်ဆီ စေလွှတ်လိုက်တယ်။ လမ်းခရီးမှာ သူတို့နှစ်ယောက်ဟာ ကလေကချေကောင်လေး လီယွမ်ကျီးနဲ့ တွေ့ဆုံလာကြပါတယ်။ အဲဒီကနေ နတ်ဆိုးတွေကို နှိမ်နင်းဖို့ အတူရင်ဆိုင်လာကြတဲ့ သူတို့ဟာ အခက်အခဲနဲ့ စတေးရမှုတွေ ကြုံလာရင် ဘယ်လိုကျော်ဖြတ်ကြမလဲ။ နတ်ဆိုးတွေရဲ့ဒဏ်ကို ခံနေရတဲ့ အပြစ်မဲ့ပြည်သူတွေကိုရော ကယ်တင်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း