ဇာတ်ကားများ ရွေးရန်

Wendell & Wild

2022ဇာတ်ကားအမှတ် 6.8/10107 မိနစ်

ကတ်ဆိုတဲ့ ကလေးမလေးဟာ မိဘတွေ သူ့မျက်စိရှေ့မှာပဲ ဆုံးပါးသွားတာကို မြင်ခဲ့ရသူပါ။ ကက်သလစ်ကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ဖာသာက သူ့ကို ကျောင်းမှာ ခေါ်ထားလိုက်ပြီး ကျောင်းရောက်ခါစမှာပဲ ကတ်ဟာ ကိုယ့်မှာ အနာဂတ်ကို ကြိုမြင်ရသလိုမျိုး စွမ်းအားတစ်ခုရှိနေတာကို သတိထားမိလာပါတယ်။ တစ်ချိန်တည်းမှာ မကောင်းဆိုးဝါးတွေ နေထိုင်တဲ့ မြေအောက်ကမ္ဘာက ဝန်ဒဲလ်နဲ့ ဝိုင်းလ်တို့ဟာ “ငရဲအပျိုစင်” ကို လိုချင်နေကြတယ်။ အဲဒါကို ရရင် သူတို့ရဲ့ဆန္ဒ ပြည့်ဝနိုင်မှာဖြစ်လို့ ကတ်အကြောင်း သိသွားတဲ့အခါ သူ့ကို အိပ်မက်ထဲကနေ ဆက်သွယ်စည်းရုံးကြပါတယ်။ သူတို့ ငရဲအပျိုစင်ကို ရအောင် ကူညီပေးရင် ကတ်ရဲ့ မိဘတွေကို ပြန်ရှင်အောင် လုပ်ပေးမယ်လို့ ကတိပေးလာကြတာပါ။ The Nightmare Before Christmas နဲ့ Coraline တို့ကို ဖန်တီးခဲ့တဲ့ Henry Selick ရဲ့ လက်ရာဖြစ်ပြီး stop-motion animation နဲ့ ပုံဖော်ထားတဲ့ စွန့်စားခန်း၊ ဟာသ အန်နီမေးရှင်းဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း