ဇာတ်ကားများ ရွေးရန်

Going Places

1974ဇာတ်ကားအမှတ် 6.8/10117 မိနစ်

ဂျင်ကလော့ဒ်နဲ့ ပီရော့တို့နှစ်ယောက်က ခိုးတာ၊ လုတာ၊ လိမ်တာတွေကို ကြုံသလိုလုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနေကြသူတွေပါ။ ကျွမ်းကျင်လွန်းတဲ့ ရာဇဝတ်သားတွေတော့ မဟုတ်ဘဲ အဆင်ပြေသလို လုပ်စားရင်း ပြင်သစ်နိုင်ငံအနှံ့ ခရီးဆန့်နေကြတယ်။ တွေ့ကြုံရသူတွေနဲ့လည်း လိင်ဆက်ဆံမှုတွေ ရှိတတ်ကြပါတယ်။ ကားခိုးတဲ့ ကိစ္စတစ်ခုမှာတော့ မာရီအန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံကြတယ်။ နှစ်ယောက်စလုံးက အခြေချပြီး တည်တည်ငြိမ်ငြိမ် နေဖို့ စိတ်ကူးမရှိကြတော့ မာရီအန်းကိုပါ ခေါ်ပြီး ပြင်သစ်အနှံ့ ဆက်လက်ခရီးထွက်ကြပါတယ်။ ၁၉၇၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ ခရီးသွားဇာတ်လမ်းပုံစံ ဟာသဒရာမာဖြစ်ပြီး ဟာသတွေကလည်း ရယ်ရခက်တဲ့ အခြေအနေတွေကို ဖော်ပြတဲ့ အမည်းရောင်ဟာသဘက် သွားပါတယ်။ ဇာတ်ကောင်တွေရဲ့ အပြောအဆို၊ လုပ်ရပ်နဲ့ ပြကွက်တွေကြောင့် အငြင်းပွားမှုတွေ ရှိခဲ့သလို ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ လိင်ဆက်ဆံမှု ပြကွက်တွေ ပါဝင်တာကြောင့် အရွယ်ရောက်ပြီးသူတွေအတွက် ရည်ရွယ်ထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း