ဇာတ်ကားများ ရွေးရန်

Me Time

2022ဇာတ်ကားအမှတ် 5.9/10104 မိနစ်

ဆွန်နီနဲ့ ဟက်တို့က ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေဖြစ်ပြီး ဟက်ရဲ့ မွေးနေ့တိုင်းကိုလည်း အတူဖြတ်သန်းခဲ့ကြပါတယ်။ အသက်ကြီးလာချိန်မှာတော့ ဆွန်နီက ဇနီးနဲ့ ကလေးနှစ်ယောက်ရှိတဲ့ မိသားစုဘဝကို ရောက်နေပြီ။ မိသားစုနဲ့ ကလေးတွေကိုပဲ အချိန်ပေးနေရလို့ ကိုယ့်အတွက် အချိန်မရှိသလို ဟက်နဲ့ ငယ်ငယ်ကလို ပျော်ပျော်ပါးပါး မနေဖြစ်တာလည်း ကြာနေပါပြီ။ တစ်ရက်မှာ ဇနီးနဲ့ ကလေးတွေ အားလပ်ရက်ခရီး ထွက်ကြတဲ့အခါ ဇနီးက ဆွန်နီ့ကို ကိုယ့်အတွက် အချိန်ပေးနိုင်အောင် တစ်ယောက်တည်း နေခဲ့ဖို့ ပြောပါတယ်။ အဲဒီလိုနဲ့ ဆွန်နီဟာ မလုပ်ဖြစ်တာတွေ ပြန်လုပ်ရင်း ဟက်ရဲ့ ၄၄ နှစ်ပြည့် မွေးနေ့ပါတီကို သွားဖြစ်တယ်။ မတွေ့တာကြာတဲ့ သူငယ်ချင်းနှစ်ယောက် ပြန်ဆုံပြီး ပါတီပွဲတွေနဲ့အတူ အလွဲတွေလည်း ဆက်တိုက်ဖြစ်လာကြပါတယ်။ ဆွန်နီအဖြစ် Kevin Hart နဲ့ ဟက်အဖြစ် Mark Wahlberg တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း