ဇာတ်ကားများ ရွေးရန်

F+ (Aka) F Plus

2025ဇာတ်ကား92 မိနစ်

F+ (2025) F Plus စည်းကမ်းကြီးပြီး ဘယ်အရာကိုမဆို အစီအစဥ်ချပြီးမှ လုပ်တတ်တဲ့ ဆယ်ကျော်သက်ကောင်လေး Ted Freeman ရဲ့ဘဝမှာ တစ်ခါမှ လွဲချော်တာမျိုး မရှိခဲ့ဖူးပါဘူး။ သူက သူငယ်ချင်းဖြစ်သူ Josh နဲ့အတူ ကျောင်းရဲ့ လုံခြုံရေးကြီး Terry Grimes ကို prank တွေ လုပ်ပြီးစနောက် ဗီဒီယိုရိုက်ကာ youtube ပေါ် တင်လေ့ ရှိပါတယ်။ Grimes က သူ့ကို လိုက်ဒုက္ခပေးနေတဲ့ ဆယ်ကျော်သက် ကောင်လေးနှစ်ယောက်ကို ကျောင်းထုတ်ဖို့ ကျောင်းအုပ် Neely ကို ပြောခဲ့ပေမယ့် Ted နဲ့ Josh က အဆင့်တွေကောင်းနေတာကြောင့် မဖြစ်နိုင်ကြောင်းပြောပါတယ်။ Ted မှာ Penny ဆိုတဲ့ ပြိုင်ဖက်အတန်းဖော်ကောင်မလေး ရှိပါတယ်။ Penny က Ted နဲ့ ယှဥ်ရင် အမြဲ ဒုတိယနေရာ ရနေတဲ့အတွက် Ted ကိုမကျေနပ်ပါဘူး။ Ted တစ်ယောက် သူစိတ်လှုပ်ရှားနေတဲ့ SPLAT စာမေးပွဲ ဖြေရမယ့် နေ့ရက်ကို ရောက်လာပါတယ်။ သူ့အစီအစဥ်တွေ လွဲချော်မှု မရှိအောင် သေချာ ကြိုးစားဖြေခဲ့ပေမယ့် သတင်းဆိုးတစ်ခု ကြားခဲ့ရပါတယ်။ Penny က ဆရာအမှတ်ခြစ်နေတာ ကူပေးရင်းနဲ့ Ted ရော Penny ရော စာမေးပွဲကျတာ သိခဲ့တာပါ။ ဘယ်အရာမဆို ပြီးပြည့်စုံနေမှ ကျေနပ်တဲ့ Ted တစ်ယောက် စာမေးပွဲ ကျတာကို လုံးဝ လက်မခံနိုင်တဲ့အတွက် သူငယ်ချင်းအုပ်စု တစ်ခုဖွဲ့ပြီး အမှတ်စာရင်းတွေကို ခိုးယူဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့ အရင်အစီအစဥ်တွေလိုပဲ အောင်မြင်မှာလား၊ ကျရှုံးမှာလား ကြည့်ရမှာပါ။ File size… (1.9 GB) / (910 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Family Duration…. 01:33:04 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း