ဇာတ်ကားများ ရွေးရန်

Thank You for Banking with Us

2025ဇာတ်ကား92 မိနစ်

Thank You for Banking with Us (2024) IMDb Rating (7.4) သတ်မှတ်ထားတဲ့ ဉပဒေတစ်ခုဟာ တရားမျှတမှုမရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နိုရူရာနဲ့ မာရီယမ်တို့ ညီအမနှစ်ယောက်ဟာ ဖခင်ဖြစ်သူသေဆုံးသွားတဲ့နောက်မှာ ဒီလို တရားမမျှတမှုကို ရင်ဆိုင်ရပါတော့တယ်။ အစ္စလန်ရဲ့ ရှရီယာဥပဒေအရ သားဖြစ်သူတွေဟာ သမီးဖြစ်သူတွေထက် အမွေကို နှစ်ဆရကြပါတယ်။ ဒါပေမယ့်လည်း ဖခင်ဖြစ်သူလေဖြတ်ပြီးကတည်းက အိမ်ထောင်မပြုဘဲ အနီးကပ်ပြုစုပေးခဲ့ရတဲ့ နိုရူရာဟာ မိသားစုကိုစွန့်ခွာပြီး အမေရိကကို ကိုယ်လွှတ်ရုန်းထွက်သွားသည့် မောင်ဖြစ်သူအား မသဒ္ဓါခဲ့ပေ။ အိမ်ထောင်သည်ဖြစ်သူ အမ မာရီယမ်တောင် မိသားစုတစ်ဖက်နဲ့ ဖခင်အိုကို လာရောက်ပြုစုသေးသည်။ ဒါပေမယ့် ညီအမနှစ်ယောက်က တည့်လားဆိုတော့လည်း မတည့်ကြပေ။ တွေ့တိုင်းစကားနိုင်လုနေကြသည့်သူမျိုးတွေဖြစ်သည်။ သို့ပေမယ့် အမွေကိစ္စနှင့်ပတ်သတ်၍ ညီအမနှစ်ယောက် ပူးပေါင်းမှဖြစ်တော့မည်။ အမွေထဲမှ ဖခင်ရဲ့ ငွေတွေကို သူတို့အကုန်ခွဲယူကြမည်။ အိမ်ခြံမြေကိုတော့ မောင်ဖြစ်သူနှင့် ခွဲယူကြမည်။ ဖခင်ဖြစ်သူကလည်း ထိုသို့ဆန္ဒရှိခဲ့ပေမည်။ ဒီလိုနဲ့ သူတို့ရဲ့အကြံကို ဖခင်အားမြေမချခင် ညတွင်းချင်း အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့ရဲ့ အကြံကိုအောင်မြင်အောင် ဘယ်လိုတွေလုပ်ကြမလဲ၊ အောင်မြင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ။ ဒီဇာတ်ကားလေးဟာ ပါလက်စတိုင်းမှာရိုက်ထားတဲ့အတွက်ကြောင့် အစ္စရေး-ပါလက်စတိုင်း အခြေအနေကိုလည်း နောက်ခံပြုထားပါတယ်။ အဓိကကတော့ ဘာသာရေးအရခွဲခြားဆက်ဆံမှုတွေ၊ မိသားစုပြဿနာတွေ၊ စစ်ဖြစ်တဲ့နိုင်ငံတစ်ခုမှာ လူတွေရဲ့ နေထိုင်မှုတွေကို တွေ့မြင်ရမှာပါ။ serious ဖြစ်တယ့်အရာတွေပါပေမယ့် ဟာသနှောရိုက်ထားပြီး ဒရာမာစစ်စစ်ကြိုက်သူတွေအတွက် ကြည့်လို့တန်စေမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ File size… (950 MB) / (520 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:37:03 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း