Ebony & Ivory
Ebony & Ivory (2025) IMDb Rating (4.7) / Rotten Tomatoes (69%) ဒီရုပ်ရှင်က စားတော့စားတယ်။ သူ့နာမည်က Paul McCartney နဲ့ Stevie Wonderရဲ့ သီချင်းနာမည် Ebony and Ivory။ အဲဒီသီချင်းကို ပေါလ်ရဲ့ စကော့တလန်က အိမ်ကလေးမှာ ပေါလ်က ရေးခဲ့တယ်။ လူဖြူအဆိုတော်နဲ့ လူမဲအဆိုတော်ပေါင်းပြီး လူမျိုးရေးခွဲခြားတာတွေကို ဆန့်ကျင်ဖို့ ရေးခဲ့ကြတဲ့သီချင်းပေါ့။ သီချင်းစာသားကိုရော သီချင်းနာမည်ကိုရော ပီယာနိုရဲ့ အဖြူကီးနဲ့အမဲကီးကနေ inspireယူထားတယ်လို့ ပြောတယ်။ ပီယာနိုက Ebony ကီးနဲ့ Ivoryကီးကို metaphorလုပ်ထားတယ်ပေါ့။ ရုပ်ရှင်ထဲမှာတော့ ပေါလ်နဲ့ စတီဗီ နှစ်ယောက်သား ပေါလ်ရဲ့ အိမ်ကလေးမှာ တွေ့ကြတာကို အတူခဏနေခဲ့ကြတာကို ဟာသအနေနဲ့ ရိုက်ထားတယ်။ ဂီတဂန္တဝင်ကြီး၂ပါး တစ်ပါးကိုတစ်ပါး ကူညီပြီး နာမည်ကျော်သီချင်းရေးကြမယ်ဆိုပြီး တွေ့ကြတာပေါ့။ ဒါရိုက်တာက အဲဒီသီချင်းကို အဲဒီလိုမြင်ခဲ့ပုံရတယ်။ ခပ်တုံးတုံးသီချင်းလို့ရောပေါ့။ အားရပါးရကို သရော်ပြီး ပေါလ်ကိုရော စတီဗီကိုရော စုတ်ပြတ်သတ်နေအောင် ရိုက်ပြထားပေမဲ့ ရုပ်ရှင်ကတော့ ကြည့်ကောင်းတဲ့ ရုပ်ရှင်ဖြစ်သွားတယ်။ အတည်ကြီးရိုက်ရင်တောင် ကျွန်တော်တို့ ငြီးငွေ့နေလောက်ပြီ။ ကျွန်တော့်အနေနဲ့တော့ ဒီလို ရိုက်ပြတာကို ပိုသဘောကျတယ်။ အသစ်အဆန်းလည်း ဖြစ်သကိုး။ Artistတွေဆိုတာလည်း Artistမဟုတ်တဲ့လူတွေထက်တောင် ပိုကြောင်တဲ့ လူတွေ ဖြစ်ချင်လည်း ဖြစ်နေကြမှာပါပဲ။ ဆိုပေမဲ့ ဒီရုပ်ရှင်က အမှန်တရားကို သိလို့ရိုက်ထားတာမဟုတ်ဘဲ ဒါရိုက်တာ စိတ်ထဲရှိတာတွေ ပုံဖော်ထားတာဆိုတော့ တကယ်တမ်း ဘာဖြစ်ခဲ့လဲဆိုတာနဲ့တော့ ဝေးတယ်။ ဆိုပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော်တို့ ဒီArtist၂ယောက်ရဲ့ လွတ်လပ်ခြင်းကို မြင်နေရတယ်။ ဘာကောင်ကြီးပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ်ရယ်ခွင့် လွတ်လွတ်လပ်လပ်ငိုခွင့် လွတ်လွတ်လပ်လပ်ပြောခွင့် လွတ်လွတ်လပ်လပ် ရှင်သန်ခွင့် ရသင့်တာပါပဲ။ လူဟာ လူပဲမို့လား။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (3.2 GB) / (1 GB) / (670 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:27:22 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း