Aftermath
နာတာလီနဲ့ ကယ်ဗင်တို့ ဇနီးမောင်နှံဟာ အတိတ်က မကောင်းတဲ့အဖြစ်တွေကို မေ့ပြီး ဘဝသစ်စချင်နေကြပါတယ်။ ကယ်ဗင်က အရင်အိမ်မှာ ဆက်မနေဘဲ အိမ်ပြောင်းဖို့ အကြံပေးလာတယ်။ သူက မှုခင်းဖြစ်ပွားခဲ့တဲ့အိမ်တွေကို ရှင်းလင်းရေးလုပ်ပေးရသူဖြစ်ပြီး ဝယ်ဖို့စဉ်းစားထားတဲ့အိမ်ကလည်း သူကိုယ်တိုင် ရှင်းလင်းပေးခဲ့ဖူးတဲ့ လူသတ်မှုဖြစ်ထားရာအိမ်ပါ။ ဈေးသက်သက်သာသာနဲ့ ရနိုင်တာကြောင့် နာတာလီကို ဝယ်ဖို့ အတင်းတိုက်တွန်းပါတယ်။ နှစ်ယောက်သား အဲဒီအိမ်ကို ပြောင်းသွားပြီးနောက်မှာတော့ အဖြစ်အပျက်တွေ စလာပါတယ်။ အတိတ်ကို နောက်မှာထားခဲ့ချင်တဲ့ သူတို့အတွက် အိမ်သစ်မှာ ဘာတွေစောင့်နေမလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရဦးမလဲ။ ထိတ်လန့်စရာအပြင် သည်းထိတ်ရင်ဖိုအခြေအနေတွေနဲ့ ဇနီးမောင်နှံကြားက ပြဿနာတွေကိုပါ ထည့်သွင်းထားပါတယ်။ ရှောန်အက်ရှ်မောနဲ့ အက်ရှ်လေဂရင်းန်တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၁ ခုနှစ် ရုပ်ရှင်ပါ။
ဇာတ်လမ်းအကြောင်း