Flat Blood
Flat Blood 2025 Flat Blood ရုပ်ရှင်ဇာတ်ကားဟာ ၂၀၂၅မှာထွက်ရှိခဲ့တဲ့ ဟာသ၊ ဒရာမာ (Comedy, Drama) ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ Christopher Nkem Okafor နဲ့ဇာတ်ညွှန်းရေးဆရာ Benjamin Bitrus Gbemanayi တို့ဖြစ်ပြီး သရုပ်ဆောင်များကတော့ Ikem Chude, Simbal Karmaနဲ့ Rivers Duggan တို့ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ထူးထူးခြားခြား နိုင်ဂျီးရီးယား ရုပ်ရှင်နယ်ပယ် (Nollywood) နဲ့ အိန္ဒိယ ရုပ်ရှင်နယ်ပယ် (Bollywood) တို့ ပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်မှာ မတူညီတဲ့ယဉ်ကျေးမှုနှစ်မျိုးကို ထည့်သွင်းဖော်ပြထားတာကို တွေ့ရမှာပါ။ အဓိကဇာတ်ဆောင်မင်းသားနှစ်ဦးမှာလည်း တစ်ဦးဟာအိန္ဒိယသားဖြစ်ပြီး တစ်ဦးမှာနိုင်ဂျီးယားသားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း: ဆင်းရဲတွင်းကနေ ကိုယ်ထူကိုယ်ထကြိုးစားလာခဲ့ကြတဲ့ နိုင်ငံအသီးသီးက နည်းပညာပညာရှင်နှစ်ဦးဖြစ်တဲ့ Priyansh နဲ့ Okoye တို့ဟာ သူတို့ရဲ့အရည်အချင်းကြောင့် နယူးယောက်ရဲ့ နာမည်ကြီးကုမ္ပဏီတစ်ခုက ကမ်းလှမ်းခြင်းကိုခံခဲ့ရပြီး အလုပ်လုပ်ကြဖို့ နယူးယောက်ဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ တန်ဖိုကြီး တိုက်ခန်းတစ်ခုတည်းမှာ အတူတူနေထိုင်ကြရပြီး နှစ်ဦးဟာ အလွန်သင့်တင့်ကြတာကြောင့် အလွယ်တကူပဲရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်။ အိန္ဒိယသား Priyansh က ဆိုက်ဘာလုံခြုံရေးပညာရှင်အဖြစ်လုပ်ရပြီး နိုင်ဂျီးရီးယားသား Okoye ကတော့ ဒေတာခွဲခြမ်းသူလုပ်ရပါတယ်။ သူတို့နှစ်ဦးသားဟာ အိမ်မှာ သောက်စားပျော်ပါးကြပြီး အချိန်ကုန်ဆုံးကြရင်း တစ်နေ့မှာတော့ Priyansh လိုင်းပေါ်ကရခဲ့တဲ့ချစ်သူရည်းစားဖြစ်သူ Camilla လို့ခေါ်တဲ့ ကောင်မလေးက သူတို့အိမ်ကို အလည်ရောက်လာခဲ့ပါတယ်။ လိုင်းပေါ်ကချစ်သူဆိုတာ မယုံရကြောင်း Priyansh ကို Okoye ကသတိပေးထားစီးပါတယ်။ သို့သော်ငြားလည်း Priyansh က သူသေချာကြောင်း Okoye ကသာဘာမှမသိတဲ့သူဖြစ်ကြောင်း ပြောဆိုကာ Okoye ရဲ့စကားကို အလေးမထားခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ဘာဆက်ဖြစ်မလဲဆိုတာကို ဇာတ်ကားလေးကြည့်ရင်းသာ ရှာဖွေလိုက်ကြရအောင်ပါ။ File size… 1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Translated by M Haw
ဇာတ်လမ်းအကြောင်း