The Arkansas Pigman Massacre
The Arkansas Pigman (2025) The Arkansas Pigman ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်လုပ်ဖြန့်ချိခဲ့တာဖြစ်ပြီး သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ (Director): Jt Kris ရိုက်ကူးထားပြီး နာမည်ကျော်သရုပ်ဆောင် Eric Roberts (Tracey ရဲ့ဖခင်အဖြစ်)၊ Junie Liv Thomasson (Tracey အဖြစ်) နဲ့ Saga Pernille Johnsen Muro (Chelsea အဖြစ်) တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ကြောက်စရာကောင်းတဲ့ လူသတ်သမားဇာတ်လမ်းတွေကို နှစ်သက်တဲ့ Horror ရုပ်ရှင်ပရိသတ်တွေအတွက် ဒီရုပ်ရှင်ဟာ သေချာပေါက် ကြည့်ကောင်းတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အမေရိကန်ပြည်ထောင်စု၊ မင်ဖစ် (Memphis) မြို့အနီးရှိ အာကန်ဆာ (Arkansas) ဒေသမှာ ရာစုနှစ်ပေါင်းများစွာကတည်းက ပြောစမှတ်ပြုခဲ့တဲ့ ဒဏ္ဍာရီထဲက လူတစ်ပိုင်းဝက်တစ်ပိုင်း လူသတ်သမားတစ်ဦးရဲ့ ဇာတ်လမ်းကို ပုံဖော်ထားတာပဲဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ ဇာတ်လမ်းအဖွဲ့အစည်းတွေမပါဘဲ ကြည့်ရှုသူကို အဓိက ထိတ်လန့်ခြောက်လှန့်စေမယ့် အကြောင်းအရာကိုသာ အဓိကထား ရိုက်ကူးထားတဲ့အတွက် ရိုးရှင်းတဲ့ Horror ဇာတ်ကားကို ကြည့်လိုသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၂၀၀၄ ခုနှစ်ရဲ့ နွေရာသီတစ်ခုမှာ ၁၂ နှစ်အရွယ် ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Tracey နဲ့ Chelsea တို့ဟာ သူတို့ရဲ့ အစ်ကိုကြီး Dylan နဲ့အတူ အာကန်ဆာပြည်နယ်ရဲ့ တောအုပ်ထဲမှာ စခန်းချခရီးထွက်ခဲ့ကြတယ်။ သူတို့သုံးယောက်ဟာ မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ခဏတာ ရှောင်ရှားပြီး သဘာဝရဲ့ အလှအပတွေကို ခံစားဖို့ ရည်ရွယ်ခဲ့ကြပေမယ့် တိတ်ဆိတ်အေးချမ်းတဲ့ တောအုပ်ထဲမှာ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ ညဘက်ရောက်တော့ စခန်းအနီးက တောအုပ်ထဲမှာ လူမဟုတ်၊ ဝက်မဟုတ်တဲ့အကောင်တစ်ကောင်ရဲ့ ထူးဆန်းတဲ့ အသံတွေကို စတင်ကြားလာခဲ့ကြရတယ်။ မကြာခင်မှာပဲ သူတို့ဟာ “Pigman” လို့ ခေါ်တဲ့ ကြောက်မက်ဖွယ် လူသတ်သမားတစ်ဦးရဲ့ အမဲလိုက်ခြင်းကို ခံခဲ့ရတော့တယ်။ ဓားမကြီးတစ်ချောင်းကိုင်ပြီး သူတို့ကို တောထဲမှာ လိုက်လံခြောက်လှန့်နေတဲ့ Pigman ဆီကနေ ဒီညီအစ်မနဲ့ သူတို့ရဲ့အစ်ကိုတို့ ဘယ်လို ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကတော့ ဇာတ်လမ်းလေးကြည့်ရှုရင်းသာ ရှာဖွေလိုက်ကြရအောင်ပါ။ File size…3.6 GB / 2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Translated by M Haw
ဇာတ်လမ်းအကြောင်း