ဇာတ်ကားများ ရွေးရန်

Hi, Dharma!

2001ဇာတ်ကားအမှတ် 6.5/1095 မိနစ်

Hi! Dharma (2001) ကြည့်ရူသူအပေါင်းတို့ အမောအပန်းပြေပြီး ပေါ့ပေါ့ပါးပါးရယ်မောရစေမဲ့ ဟိုးအရင်ချိန်များက ဟာသကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ကေဒရမ်မာပရိတ်သတ်များ မြင်ဖူးနေကြဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ကြီးများက အပြိုင်အစွမ်းပြထားကြသည်မို့ ဟာသရုပ်ရှင်ချစ်ပရိတ်သတ်မှန်ရင်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ပြိုင်ဘက်ဂိုဏ်းနဲ့ အကြီးအကျယ်ရင်ဆိုင်ယှဥ်ပြိုင်ပြီးတဲ့ညမှာတော့ အ‌ရေးနိမ့်သွားခဲ့တဲ့ ဂျယ်ဂယူတို့ဂိုဏ်းဟာ ပိုမိုရူပ်ထွေးသွားပြီး ဝရမ်းထုတ်ခံလိုက်ရတာမို့ တစ်ကွဲတပြားဆီထွက်ပြေး တိမ်းရှောင်ကြရပါတော့တယ်။ ညီအစ်ကိုငါးယောက်ပါဝင်တဲ့ ဂျယ်ဂယူတို့အုပ်စုဟာ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသမှ ဆိတ်ငြိမ်အေးချမ်းတဲ့ ဘုန်းကြီးကျောင်း‌လေးဆီကို မတော်တဆရောက်သွားကြပါတော့တယ်။ ပနံမသင့်လှသော ဂန်းစတားလူမိုက်များနဲ့ ဘုန်းကြီးများ အချိန်အတော်ကြာအထိ အတူတူနေကြဖို့ဖြစ်လာကြတဲ့အခါမှာတော့ ဖြစ်ပေါ်လာတဲ့ ကတောက်ကဆနဲ့ အလွဲပေါင်းများစွာတို့ကို ဟာသနှောပြီးပုံဖော်ထားတဲ့အပြင် ဒီဇာတ်ထုတ်ဟာ ထင်ထားသလောက် မရိုးရှင်းနေဘဲ သူတို့ဂိုဏ်းဘာကြောင့်ရှုံးခဲ့ရသလဲဆိုတဲ့မြုပ်ကွက်လည်းရှိနေပြီး ဘုန်းကြီးများဘက်ကလည်း အလျှော့မပေးဘဲ လူမိုက်များအား ပညာပြကြပုံများကို ရယ်မောရင်း ခံစားလိုက်ကြရအောင်နော်.. File Size - 1.77 GB/ 777 MB Quality - WEB-DL 1080p/ 720p Duration - 1h 37m Format - mp4 Genre - Action, Comedy Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း