ဇာတ်ကားများ ရွေးရန်

The Sunlit Night

2019ဇာတ်ကားအမှတ် 6.1/1082 မိနစ်

The Sunlit Night (2019) The Sunlit Night (2019) ဟာ နေမဝင်တဲ့ နော်ဝေးရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်း အလှပတွေကို နောက်ခံထားပြီး ပန်းချီဆရာတို့ရဲ့ဘဝနဲ့ လောကဓံကို ငြိမ့်ငြိမ့်လေး ရင်ဆိုင်ဖြတ်သန်းပုံလေးတွေကို ခံစားကြည့်ရှုကြရမဲ့ ရိုမန်တစ်ဒရမ်မာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်များ - Jenny Slate (Frances အဖြစ်) - Alex Sharp (Yasha အဖြစ်) - Zach Galifianakis (Haldor အဖြစ် - David Paymer (Frances’ Father အဖြစ်) - Gillian Anderson (Frances’ Mother အဖြစ်) - Fridtjov Såheim (Nils အဖြစ်) ဇာတ်လမ်းအကျဥ်း Frances ဆိုတဲ့ ပန်းချီဆရာမလေးတစ်ဦးဟာ သူ့ကိုယ်သူ ပျောက်ဆုံးပြီး အသည်းတွေကွဲ၊ အစ်မက အိမ်ထောင်ပြု၊ မိဘတွေက ကွာရှင်းလုစဲစဲ အခြေနေတွေကြောင့် အရာရာ ရှုပ်ယှက်ခက်နေချိန် အလုပ်လည်းလုပ်ရင်း၊ စိတ်ပြေလက်ပျောက် ပန်းချီလည်းရေးရင်း နော်ဝေးဘက်ကို ထွက်လာခဲ့ပါတယ်။ Frances ဟာ ဇာတ်ကားရဲ့အမည်အတိုင်း နော်ဝေးရဲ့ နေရောင်လွှမ်းတဲ့ညတွေအောက် ဖြတ်သန်းရင်း သူ့ကိုယ်သူပြန်ရှာတွေ့နိုင်မလား၊ သူနော်ဝေးကို ထွက်လာခဲ့တာဟာ သူ့ဘဝထဲက ထွက်ပြေးခဲ့တာလား၊ ဘဝထဲကို ပြေးဝင်ခဲ့တာလား ဆိုတာတွေကို ဇာတ်ကားထဲမှာ ဖြည်းဖြည်းအေးအေးလေးနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း ခံစားကြည့်ရှုလိုက်ကြပါဦးနော်။ File Size - 1.40 GB/ 730MB Quality - WEB-DL 1080p/ 720p Duration - 1h 46m Format - mp4 Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း