ဇာတ်ကားများ ရွေးရန်

Ghost Train

2025ဇာတ်ကားအမှတ် 7.3/1095 မိနစ်

Ghost Train (2025) IMDb... 6.5 ဒီတစ်ခေါက်မှာတော့ ဝူယောင်းဝူကားထဲက မင်းသမီးလေး Joo Hyun-Young နဲ့ Jeon Bae-Soo၊ 18 Again ထဲက မင်းသားချောလေး Choi Bo-Min တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်သရဲကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဂင်ဒါဂယောင်း (Joo Hyun-Young) ကတော့ သည်းထိတ်ရင်ဖို Youtuber တစ်ဦးဖြစ်ပြီး အရင်က ကြည့်ရှုသူ သိန်းချီရှိခဲ့ပေမဲ့လည်း သူ့ရဲ့ ဗီဒီယိုတွေက တစ်စထက်တစ်စ ပျင်းစရာကောင်းလာတော့ လက်ရှိမှာ ကြည့်ရှုသူ ၁၀၀ တောင် မပြည့်တော့တဲ့ အခြေအနေပါ... ဒါကြောင့် ဒါဂယောင်းလည်း လူအများရဲ့စိတ်ဝင်စားမှုကို အရယူဖို့အတွက် တစ်နိုင်ငံလုံးအနှံ့မှာ လူပျောက်မှုတွေ အများဆုံးဖြစ်နေတဲ့ ဂွမ်းလင်းဘူတာအကြောင်းကို စုံစမ်းပြီး ဗီဒီယိုရိုက်တင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီအတွက် ဒါဂယောင်းက ဂွမ်းလင်းဘူတာက ရုံပိုင်ကြီး (Jeon Bae-Soo) ဆီ သွားတွေ့ပြီး ဂွမ်းလင်းဘူတာက ထူးဆန်းထွေလာ အဖြစ်အပျက်တွေအကြောင်း မေးမြန်းကြည့်တော့တာပေါ့... အဲဒီနောက် သူ့ရဲ့ ဂွမ်းလင်းဘူတာက သရဲပုံပြင်တွေဟာ Youtube မှာ view တွေ စံချိန်ချိုးသွားပါတော့တယ်။ ဒါပေမဲ့လည်း ဒါဂယောင်းတစ်ယောက် လောဘအတောမသတ်နိုင်သေးဘဲ ဆက်လက်စုံစမ်းရင်း ဂွမ်းလင်းဘူတာနဲ့ပတ်သက်တဲ့ ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်တစ်ခုကို သိရှိသွားတဲ့အခါမှာတော့... သရဲကားချစ်သူများအတွက် စိတ်ကျေနပ်မှု အပြည့်ပေးမဲ့ တကယ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးမို့လို့ မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်။ File Size… 1.16GB/ 570MB Quality…WEB-DL 1080p/ 720p Format…mp4 Duration…1h 35m Genre …..Mystery, Horror Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း