ဇာတ်ကားများ ရွေးရန်

Shaman

2025ဇာတ်ကားအမှတ် 5.5/1093 မိနစ်

မကြာသေးခင်ကမှ ပူပူနွေးနွေး ထွက်ရှိထားတဲ့ Horror ဇာတ်ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ယုံကြည်ကိုးကွယ်မှုတွေကို စိန်ခေါ်ထားတဲ့ ဇာတ်ကားတစ်ခု ဖြစ်ပြီး လူတွေဟာ ကိုးကွယ်ရာ ဘာသာကို အမှန်တကယ်ပဲ ယုံကြည်မှု ရှိနေသလား ယုံမှားသံသယတွေနဲ့ ဆည်းကပ်နေကြတာလားဆိုတာက မေးခွန်းထုတ်စရာပါပဲ။ ဇာတ်ကြောင်းကတော့ အီကွေဒေါနိုင်ငံက အစွန်အဖျားဒေသတစ်ခုရဲ့ တိုင်းရင်းသားလူမျိုးစု နေထိုင်ရာ ဒေသတစ်ခုမှာ သွားပြီး ကတ်သလစ်ဘာသာ သာသနာပြုဖို့ အမှုဆောင် သွားရောက်နေထိုင်တဲ့ မိသားစုတစ်စုကို အခြေပြု ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဂျိုဝဲလ် မိခင်ဖြစ်သူ ကန်ဒေ့စ်တို့နဲ့အတူ ဆယ်ကျော်သက်အရွယ် သားလေး အဲလီရော့ သုံးဦးတို့ဟာ ဇာတိနဲ့ ဝေးကွာတဲ့ ဒီဒေသမှာ သူတို့ယုံကြည်တဲ့ ကတ်သလစ်ဘာသာ ပြန့်ပွားဖို့အတွက် ခေတ္တ လာရောက်နေထိုင်ကြပါတယ်။ ဆယ်ကျော်သက်ကလေး အဲလီရော့ဟာ သူ့ရဲ့ ယုံကြည်ခြင်း အတည်ပြုမင်္ဂလာ မလုပ်ခင် တစ်ရက်အလိုမှာ ဒေသခံတွေက မဝင်ဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားတဲ့ တောင်စောင်းက လှိုဏ်ဂူတစ်ခုထဲကို မတော်တဆ ဝင်ရောက်ခဲ့မိပါတယ်။ နတ်ဆိုးကို အကျဉ်းချထားပြီး စည်းချထားတယ်လို့ ဒေသခံတွေယုံကြည်ထားတဲ့ နေရာကို မတော်တဆ စည်းဖောက်ပြီး ဝင်ရောက်ခဲ့မိတဲ့ အဲလီရော့ တစ်ယောက် အဲဒီနေ့ကစပြီး မူမမှန်တာတွေ ဖြစ်လာပါတော့တယ်။ ဒေသခံ တိုင်းရင်းသား နတ်ဝင်သည်ကိုယ်တိုင်က ကူညီပြီး အဲလီရော့ကို လွှတ်ပေးဖို့ တောင်းဆိုပေမယ့်လည်း ပူးကပ်နေတဲ့ နတ်ဆိုးက လက်မခံပါဘူး။ ဒီနတ်ဆိုးဟာ ခရစ်တော်သာသနာ မပေါ်ခင်ကတည်းက ရှိနေခဲ့တဲ့ နတ်ဆိုးတစ်ကောင် ဖြစ်နေပြီးတော့ နတ်ဆိုးနှင်ထုတ်ဖို့ မဖြစ်နိုင်ဘဲ အလဲအလှယ် အပေးအယူသာ လုပ်လို့ရတယ်ဆိုတာ ကန်ဒေ့စ် တစ်ယောက် သိလိုက်ရတဲ့ အချိန်မှာ သားဖြစ်သူကို ပြန်ရဖို့အတွက် သူမ သက်ဝင်ယုံကြည်တဲ့ ဘာသာကို စွန့်ခွာမလား…၊ အဆုံးတိုင် ယုံကြည်မှုကို ဆွဲကိုင်ထားမလားဆိုတာကတော့….။ File Size… (1.24GB) / (731MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 33m Genre ….Horror Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း